Sunday, November 23, 2008


ခုန်ချလိုက်ပါလား တိမ်တွေခံထားတယ်လေ

နိုင်ငံခြားလား


ပုဂံမြို့ဟောင်းတစ်နေရာပေါ့။
မရောက်တာလည်းကြာတော့ စိမ်းစိမ်းစိုစိုဖြစ်နေပါဘီ။ ဗိသုကာလက်ရာတွေသေချာကြည့်မှပဲ ခုမြန်မာတွေကအဲလိုမဆောက်ကြတော့ဘူးဆိုတော့ တစ်ခြားနိုင်ငံတစ်ခုကိုရောက်သွားသလိုပါပဲ

လှည်းပုံလေးလှလို့


လှည်းကလေးနှင့်သဘာဝကျတယ်နော်လမ်းဘေးမှာ နွားတွေကလည်းလှမှလှ အသစ်မတင်ဖြစ်တာနှင့်စာရင် တစ်ခုပဲရရဆို တင်းပေးလိုက်ပါတယ်။ အလွမ်းပြေပေါ့

Sunday, October 19, 2008

တင်းနစ်

တင်းနစ်ပွဲတွေက လူကုန်ထံတွေကစားတဲ့အားကစားနည်းတစ်မျိုးဆိုတော့မ၀င်ဆန့်ခဲ့တာအမှန်ပါ။ မကစားတတ်ဘူးပေါ့။ ကျောင်းရောက်တော့နည်းနည်းပါးပါးကစားဖြစ်ပေမဲ့ အမှတ်ရေတတ်ယုံပါပဲ။ ကိုယ့်နိုင်ငံကလည်းပေါက်ပေါက်မြောက်မြောက်မှမရှိတာလေ။ သိမ်ဖြူကွင်းမှာကျင်းပတဲ့ပွဲတွေသွားမကြည့်ပေမဲ့ အနိုင်ရတဲ့သူဟာ အမ်တူတူဂျာ ပဲဆိုတာလောက်သိခဲ့တာပါ။ နောက်ပိုင်းတော့တော်တော်များများ ကြည့်နိုင်တဲ့အခြေအနေရခဲ့တာကို ကံကောင်းထောက်မစွာနှင့် ကမ္ဘာ့အဆင့် မြင့်ပြိုင်ပွဲတစ်ခုကို နှစ်ရက်လောက် သွားကြည့်ဖြစ်ပါတယ်။ ကစားတာလည်းကြည့်တတ်နေပြီဖြစ်ပေမဲ့ တင်းနစ်အားကစားမယ်လေးတွေရဲ့အလှကိုချန်ပြီးရေးမယ်ဆို ဒီပို့စ်ကပြည့်စုံမှာမဟုတ်ဘူးလေ။ တကယ်လှလှပပလေးတွေပါ။ အလှအကြောင်းဒီလောက်ပြောနေပြီဆိုရင် အားပေးတဲ့သူက ရှာရာပိုဗာလို့ထင်ကြတော့မယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ်သူနာမည်ကိုအရင်ရေးဖြစ်သွားပါဘီ။ တကယ်က နှစ်လိုဖွယ်ရှိတဲ့ မီးစကင်နာ ကိုပိုကြိုက်မိပါတယ်။ မာနမရှိတဲ့မျက်နှာရယ်။ လူပိန်ပေမဲ့ ဘယ်ကထွက်မှန်းမသိတဲ့အားနှင့်ရိုက်တဲ့ရိုက်ချက်တွေကအားရစရာလေ။ တကယ်တော့ စိတ်ဓါတ်လို့ပဲထင်မိပါတယ်။ အလှကြီးမဟုတ်ပေမဲ့ သူ့ကိုပဲအားပေးမိတာအမှန်ပါ။ ဒါပေမဲ့ သူလည်းအောင်မြင်မူတွေ အများကြီးမရပဲ အဆင့်(၂) အထိသာအမြင့်ဆုံးတက်လှမ်းနိုင်ပြီးအနားယူသွားခဲ့ပြီလေ။ ခုတော့ ဒီမင်တရေးဗာကိုစောင့်ကြည့်ရင်း။ ဆာဖင်နာ က သူ့ထက်အဆင့်မြင့်နေတာ မနာလိုဖြစ်မိနေသေးတယ်။ အကြောင်းသိတွေရယ်တော့မယ်။ အားပေးတဲ့သူကလည်းရုရှားသူတွေကြီးပါလားဆို။ ဘာလို့လည်းဆိုတော့ ဟို နိုင်ငံကြီးကကပ္ပလီညီအမ နှစ်ယောက်ကို မကြိုက်တာလည်းပါပါတယ်။ မဲမဲသဲသဲ အလှတွေဖေါ်လွန်းလို့။ အဲဒီအချိန်မှာ အကြောက်ရဆုံးပြိုင်ဘက်က ဟန်နင်းဟာဒင်းဆိုတာတော့အားလုံးသိကြပါတယ်။ ကြောက်မယ်ဆိုလည်း ကြောက်စရာလေ ဆုတွေသူကြီး သိမ်းကြုံးယူနေတာ။ သူကခွဲပေးတယ်ဆိုလည်း တနိုင်ငံတည်းသူ ကလစ်စတားပဲရတာများတာကို။ ခုတော့ သူတို့တွေလည်း မီးစကင်နာနှင့်အတူ စတပ်ဖိဂရပ်တို့ ဟင်းဂစ်တို့နည်းတူ တဖြည်းဖြည်းကြယ်ပွင့်ဟောင်းဆိုတဲ့စာရင်းထဲကို အနားယူပြီးဝင်သွားကြပြီလေ။ ပြောနေလိုက်တာ မမောမပန်းနှင့် အမျိုးသမီးတင်းနစ်မယ်တွေ အကြောင်းပေါ့။ အမျိုးသားတွေထဲမှာလည်း အဂ္ဂါစီ ကိုပဲ ကစားတာကြိုက်ခဲ့တာ။ နောက်ပိုင်းတော့ စပေးဘောတွေနှင့်အဆုံးအဖြတ်ပေးတဲ့အမျိုးသားတွေဟာ ဆုကြေးများပေမဲ့ ဆွဲဆောင်မှုကတော့အမျိုးသမီးပွဲတွေနှင့်စာရင်နည်းနာအမှန်ပဲ။ ဖယ်ဒရာတို့လှလှပပကစားပေမဲ့ သူ့ပြိုင်ဘက်တွေဖြစ်တဲ့ ဖိလစ်ပိုဆစ်၊ အင်ဒီရော့ဒစ်တို့က စပေးဘော အားကိုးကစားတဲ့သူတွေလေ နာဒါယ်တို့ခေတ်လည်းရောက်ရော မကြည့်ဖြစ်တော့ဘူး။ လှလှပပကစားတဲ့သူတွေရှိပေမဲ့လည်း စပေးဘောနှင့်အမှတ်မယူနိုင်တဲ့အမျိုးသားတွေက ကမ္ဘာ့အဆင့်ကိုတက်လှမ်းဖို့မလွယ်သေးဘူးလေ။ အမျိုးသမီးတွေကလည်းအဲဒါကိုလိုက်အတုယူနေကြပြီဆိုတော့ သူတို့သာလှမနေတော့ရင် တင်းနစ်ပွဲတွေနှင့်တဖြည်းဖြည်းဝေးသွားမယ်ထင်ပါတယ်။ ဘောလုံးပွဲပဲကြည့်တော့မှာပေါ့။

Monday, October 6, 2008

သိရင်ပြောကြပါ

ဘာရယ်မဟုတ်ပါဘူး။ အကြောင်းတစ်ခုနှင့် မေးကြပြောကြရင်းသေချာမသိတော့လည်း မေးကြည့်မိတာပါ။ Wi-Fi နှင့် Wi-Max ဘာကွာသလည်းလို့။ Wi-Fi က (၈၀၂.၁၁) ကိုသုံးပြီး Wi-Max ကတော့ ( ၈၀၂.၁၆ ) ကိုသုံးတယ်တဲ့။ အတူတူလို့ပြောတဲ့သူကပြောပြန်ရော။ မတူဘူးလို့ဆိုတဲ့သူကဆိုပါတယ်။ နည်းပညာအားဖြင့်တူတယ်တဲ့လေ။ သုံးတဲ့ Frequency spectrum ကမတူဘူးတဲ့။ Wi-Fi ဆိုတာ နီးနီးလေးပဲရတာတဲ့။ Wi-Max ကအဝေးကြီးရတာဆို။ Wi-Fi က Data rate နည်းတယ် 2 M လောက်က အများဆုံးပဲ အောက်မှာသုံးတဲ့သူတွေများရင် အလုအယက်နှင့် တိုးနေရတာ။ Wi- Max ကဈေးကြီးတယ်။ Wi-Fi ကျတော့ ဗွီဒီယိုတွေ တီဗွီတွေကိုပါ မျှသုံးလို့ရတယ်တဲ့။ လွယ်လွယ်ပြောရရင်တော့ cordless ဖုန်းနှင့် cellular ဖုန်းလိုကွာတယ်ဆိုပဲ။ wi-fi က cordless လိုမျိုး Wi-Max က cellular ပေါ့။
နောက်ဆုံးကောက်ချက်ချပါမယ် မှားရင်ပြင်ပေးကြပါ။ နည်းပညာအားဖြင့်အတူတူပေမဲ့ သုံးတဲ့ standard မတူတာရယ် frequency မတူတာတွေကြောင့် wi-fi ဆိုတာ နီးနီးနှင့် အသုံးပြုသူတွေကို အလွယ်တကူ share လုပ်နိုင်တယ်။ Wi-Max ကတော့ wi-fi ကိုပဲ ထပ်ချဲ့တဲ့သဘောပါ ထပ်ချဲ့တယ်ဆိုတဲ့နေရာမှာ distance အပြင် သူ့အောက်မှာ wi-fi တွေပါထပ်ထည့်လို့ရတဲ့ပုံစံမျိုးဆိုတော့။ ဒေတာများများသယ်နိုင်ပါတယ်။ ပုံကတော့ paint ထဲမှာ ဆွဲလိုက်တာပါပဲ။ သိပ်မကျွမ်းကျင်သေးတော့ ဒီလောက်ပဲထွက်ပါတယ်။ ၇ တန်းတုန်းက ဆရာအသစ်တစ်ယောက်ပြောသလိုပေါ့။ သူက ခုမှစသင်တာမို့မကျွမ်းသေးတာပါတဲ့။ မယုံရင်နောက်တစ်နှစ်ထပ်နေကြည့်ပါ ၇ တန်းစာကိုကောင်းကောင်းသင်နိုင်ပါပြီတဲ့။ နောက်တစ်နှစ်မနေခဲ့တော့ မသိပါဘူး။ ကျောင်းပါပြောင်းခဲ့ရတာကို။

Sunday, October 5, 2008

သီတင်းကျွတ်


သီတင်းကျွတ်ပန်းချီကားပါ။ သီတင်းကျွတ်နှင့်ပါတ်သက်လာရင်အရမ်းပြောချင်တဲ့ရွာက ဓလေ့တစ်ခုရှိပါတယ်။ ရှမ်းသီးခုန်တယ်တဲ့၊ သီချင်းတွေကို အတိုင်အဖေါက်နှင့်ဆို၊ ရွာမှာရှိတဲ့အပျို၊ အအို အမျိုးသမီးတွေ ရွာလည်ကကွင်းပြင်ကြီးမှာ ၀ိုင်းကြီးပါတ်ပါတ်က ကြတာပါပဲ။ လက်ခုပ်တွေတီးလို့ပေါ့။ ဖြစ်နိုင်ရင်တော့ဗွီဒီယိုဖိုင်တွေ၊ သီချင်းစာသားတွေ ပါတင်ချင်ပါတယ်။ ခုတော့အမြည်းသဘောပါ

( အပျို ဘာလုပ်ကျွေးမယ် ခေါ်ခဲ့တယ်လေး
ခမောက်ကြိုးနှင့် ကိုယ်ပျိုးနှုတ်မယ် ခေါ်ခဲ့တယ်လေး
ရွေကြည် (ရွာအမည်ပါ) ကြီးရဲ ရွာအ၀င် ကျွန်းညိုနှစ်ပင်
သည်နှစ်ပင်ရှင်အောင်မွေးပါ။ မယ်နှင့်မောင်အတူနေရရင် ကျောင်းတိုင် ဖို့လေး။ အများစုကတော့ အပျိုလူပျို ပြောကြတဲ့စကားတွေပါပဲ။ သံဇဉ်မပြောင်းလှပေမဲ့။ လူကြီးကလူငယ်ကိုဆုံးမတာ။ အပျိုအုပ်တွေက အပျိုကလေးတွေကို ဆုံးမတဲ့စာသားတွေ၊ လူပျိုကိုလှောင်တာတွေ။ တစ်ခြားရွာသားအကြိုက်မမှားဖို့တွေကို ရွာမှာဖြစ်နေပျက်နေတာတွေနှင့် အပျိုအုပ်တွေ ကရေးကြပါတယ်။ ဇာတ်တိုက်တယ်ရယ်သီးခြားမရှိပါဘူး။ ကောက်စိုက်ချိန်မှာ ရေးပြီး ဝေခဲ့ယုံပါပဲ။ ဒီအကြောင်းတွေက ရွာမှာအများပြောနေတဲ့အကြောင်းလည်းဖြစ်နေတော့ ရှေ့ကနေတိုင်ပေးလိုက်တာနှင့်နောက်ကဘာဆိုရမယ်ဆိုတာ သိကြပြီးသားပါပဲ။ သီချင်းအပြည့်အစုံနှင့်ခု ဆိုနေကနေတာတွေတော့ရွာကိုလှမ်းမေးပြီးမှပဲပြောပြလို့ရမှာပါ။ ရွာကို ဆေးဆရာပါဆိုပြီး ဆိုင်ကယ်ကြီးနှင့်လာတဲ့ရမ်းကုအကြောင်းပါသလို ရွာကကွမ်းတောင်ကိုင် ဘုန်းကြီးလူထွက်နှင့် ရတဲ့အကြောင်းတွေလည်းကိုလည်းသီချင်းလုပ်ဆိုတတ်ကြပါတယ်။ ရွာလူကြီး အမြင်မတော်တာလုပ်ထားရင်းလည်း သီချင်းလေးနှင့်စောင်းမြောင်းပြောတတ်ကြပါတယ်။ တစ်ခုခုအမြင်မတော်တာဆိုလည်းပြောတတ်ကြတာပါပဲ။ အရင်ကတော့ ကောက်စိုက်ချိန်ထွန်တုံးပိတ်ပြီးနားတဲ့အချိန်လိုမျိုးပါ။ ခုတော့နွေစပါးမိုးစပါးနှင့် မနားရပါဘူး သို့ပေမဲ့လည်းသီတင်းကျွတ်ရင်တော့ရွာမှာပျော်စရာ ဒါပဲရှိတော့မပျောက်ပျက်သေးတဲ့ဓလေ့ပါ။ ကျန်တဲ့ရွာနီးချုပ်စပ်တွေကလည်း လာကြပါတယ်။ ကွင်းကျယ်ကျယ်မရှိတာရော။ လူကလည်း မနည်းစုနေရတာဆိုတော့ ကြည်ရွာမှာပဲ လပြီး ရှမ်းသီ က ကြ ခုန်ကြပါတယ်။ ရှမ်းတွေဆီကနေရလာတာလိုဆိုပါတယ်။ နောက်မှထပ်ပြောပြပါဦးမယ်

Monday, September 29, 2008

အားနာပါတယ်

လာလည်ကြတယ်သူတွေတကယ်ပဲအားနာပါတယ်။ Post တစ်ခုအသစ်တင်ဖို့ကလည်းတကယ်ကိုမလွယ်တာပဲ။ ရေးပြီးမတင်ဖြစ်တာတွေရှိသေးတယ်။ အများဖါတ်ကြမှာဆိုတော့လေ။ လာလည်တဲ့သူတွေအများကြီးပဲ။ C-box မေးလ် နှင့် chat တွေမှာပြောကြတယ် မြန်မာစာလုံးတွေမပေါ်ဘူးဆိုတာလေ။ ပြောပြချင်ပါတယ် ဘယ်ဟာကို click ပြီး ဘာကို install ပါလို့ တစ်ချို့ ဘလော့တွေမှာတော့ပါပါတယ်။ ကိုထွန်းဆီမှာကမတတ်တတ်ဘူးလေ။ နောက်ပြီး အသစ်ဆိုတာကိုနားလည်းပါတယ်။ ရှိတာတွေပဲဆို ဘလော့ကအသေကြီးနေမှာ။ ရေးချင်တာပြောချင်တာများပေမဲ့ ပြောသင့်ရေးသင့် တာက နည်းနေတာကို။ လှလှပပလေးနှင့် ကိုပြောချင်တာပြောလို့ရအောင်ပြင်ရင်းပြင်ရင်း မတင်ဖြစ်သေးတာပါ လာလည်တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ comments တွေအတွက်လည်းကျေးဇူးတင်ပါတယ်။

Saturday, September 27, 2008

သတင်းစာမဖတ်လိုက်ရမှာစိုးလို့ပါ


ပြည်သူများအပေါ် ဂရုဏာတရား ကင်းစွာဖြင့် ဆင်းရဲကြပါစေ၊ ကျပ်တည်းကြပါစေ၊ မွဲတေကြပါစေ၊ ငတ်မွတ်ခေါင်းပါးကြပါစေ၊ မကျေနပ်မှုတွေတိုးပွားပါစေ၊ ဆူပူအုံကြွ ပေါက်ကွဲမှုတွေဖြင့် ဒေါသတွေဖြစ်ကြပြီး အချင်းချင်းသတ်ဖြတ်သေကျေကြပါစေ၊ မအေးချမ်းမလုံခြုံပဲအထိတ်တလန့်နှင့် ကျီးလန့်စာစားဒုက္ခရောက်ကြပါစေဟု ပိတ်ဆို့၊ တားဆီးပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ဆောင်နေသမျှသည် ထိုသို့သောပုဂ္ဂိုလ်အတွက် ကရုဏာတရားနှင့်ဝေးကွာနေမည်သာဖြစ်ပေသည်။ ထိုသို့ဂရုဏာတရားနှင့်ဝေးသည်နှင့်အမျှ သူ၏အတ္တမာနကြောင့် မေတ္တာတရားနှင့်လည်း ဝေးသည်ထက်ဝေးကွာတတ်ချေသည်။ ထိုအခါမေတ္တာမပါသော ထိုပုဂ္ဂိုလ်၏လမ်းကြောင်းသည် ပညာပါရမီနှင့်လမ်းခွဲထွက်သွားခဲ့ပြီး ပညာနှင့်ဝေးကွာရချေတော့သည်။
မမှန်ကန်သော၊ မတရားသော၊ အကျိုးယုတ်စေခဲ့သောပိတ်ပင်တာဆီး၊ ပြည်သူအကျိုးဖျက်ဆီးမှုများကို မလုပ်ပါနှင့်တော့ဟု ကျွန်ုပ်တို့ပြည်သူများကအတိအလင်းတောင်းဆိုအပ်ပါသည်။ ပြည်သူလူထုအများစုကြီး၏ဆန္ဒကိုဆန့်ကျင်နေခြင်းအားဖြင့် ကိုယ့်အတွက်ဘာမျှဖြစ်မလာနိုင်ကြောင်းသိသင့်ပါသည်။ အများအကျိုးကိုဖျက်ဆီးခဲ့ခြင်းကား မိမိကိုယ်ကိုဖျက်ဆီးခြင်းနှင့်ပမာတူလေသည်။ ပညာမဲ့၏။
ဆရာ ချစ်နိုင်(စိတ်ပညာ) ရဲ့ဆောင်းပါးထဲက ကောက်နှုတ်ချက်ပါ။ ကိုယ်တိုင်ပြောချင်ပေမဲ့သူ့လောက်မပြောတတ်ဘူးလေ။ သူပြောထားတာ ကိုယ်ပြောချင်တာကုန်ပြီလားဆိုရင်တော့မဟုတ်သေးပါဘူး။

ဘယ်နေရာလည်း

မြန်မာပြည်ရဲ့တစ်နေရာရာပေါ့ လွမ်းတတ်ရင်တော့လွမ်းစရာ၊ ပုံတွေတင်မယ်ဆိုတော့ တင်စရာပုံကများနေပါတယ်။ Connection ကလည်းအများကြီးမကောင်းတော့ အများကြီးမတင်ဖြစ်တဲ့အတူတူအကော့င်းဆုံးဖြစ်မယ်ထင်တဲ့ပုံတင်လိုက်တာပါပဲ

Friday, September 26, 2008

NGN

ခေါင်းစဉ်ကတော့လန့်စရာပါပဲ။ ဘာရယ်မဟုတ်ပါဘူး ၀င်ကြည့်တဲ့သူတွေ ဗဟုသုတ တစ်ခုတိုးရင်တော်ပါပြီ။ ကိုယ်ကိုယ်၌က သောတုဇန လက်လှမ်းမီသလောက်ပဲလေ့လာနေရတာမဟုတ်လား။ အလုပ်များခေါင်းစဉ်များတဲ့ကြားကနေ ကိုယ့်ရဲ့အလုပ်ဆိုတော့ ကြားတော့ကြားဘူးတယ် ဘာမှန်းမသိဘူးဆိုသူတဲ့အတွက် ပါပဲ။ ပညာရှင်တွေအတွက်တော့ရယ်စရာ။ ကော်မက်မှာဖြစ်ဖြစ်မှားရင်ပြင်ပေး။ သိတာလေးဝင်ရေးပေးရင်တော့ ကျေးဇူးတင်မိမှာပါပဲ။ NGN ဆိုတာ တကယ်တော့ ( Next Generation Network) ပါပဲ။ ip ကို အခြေခံတယ်၊ တယ်လီဖုန်း၊ အင်တာနက် (data) ကွန်ယက်ကို တစ်ပေါင်းတစည်းတည်း ဖြစ်စေတဲ့ကွန်ယက်စနစ်သစ်ဆိုပါဆို့။ ယခင်နည်းပညာတွေကိုနောက်ပိုင်းနည်းပညာတွေက တဖြည်းဖြည်းအစားထိုးသွားသလိုမျိုး PSTN,ISDN,Data Network တွေကို တစ်ပေါင်းတစ်စည်းတည်းပေါင်းစည်းပေးပြီး ရလာမှာက NGN ကွန်ယက်ပါပဲ။ အခြေတူမှပေါင်းလို့ရတယ်ဆိုတဲ့စကားရှိပါတယ် NGN ရဲ့အခြေကတော့ IP ပေါ့။ အဲဒီတော့တစ်ခြား Network တွေကိုလည်း ip အခြေခံဖြစ်အောင်ပြောင်းဖို့ပဲရှိပါတယ်။ Data Network က IP ပေါ်မှာရှိပြီးသားပါ။ PSTN, ISDN ကိုပဲ IP base ဖြစ်ဖို့လိုတာပေါ့။ အဲဒါတွေ IP base ဖြစ်ဖို့က မဖြစ်မနေ VoIP ကိုသုံးရတော့မယ်။ VoIP ရဲ့ နှစ်လုံးသားက Softswitch ဖြစ်နေရော။ Softswitch ဆိုတာက PSTN တို ISDN တို့မှာ Hardware နှင့် switching လုပ်ခဲ့တာကို ကွန်ပြူတာအသေးစားတွေ ကဒ်တွေနှင့်လုပ်ပါတယ် network ချိတ် software နှင့် switching လုပ်တာလို့ အလွယ်ဆုံးအရှင်းဆုံးမှတ်ရင်ရမယ်ထင်ပါတယ်။ ဒါဖြင့် ရှိပြီးသား Data Network နှင့်ဘယ်လိုချိတ်မလည်း SBC ဆိုတဲ့ (Session Border controller ) နှင့်ချိတ်ပါမယ်။ PSTN နှင့်ဘယ်လိုချိတ်မလည်း Trunking Gateways နှင့်ချိတ်ပါမယ်။ NGN စနစ်တစ်ခုနှင့်တစ်ခုရော MEGACO,SIP,H.248 စတဲ့ protocols အသစ်တွေနှင့်ချိတ်ရမှာပါ။ အသုံးပြုသူတွေရော တစ်ခြား IP exchange အသေးစားလေးတွေ၊ AG (Access Gateways ) နှင့် RG ( Residential Gateway) တွေကတစ်ဆင့် နောက်ဆုံး အသုံးပြုသူတွေဆီကိုရောက်မှာဖြစ်ပါတယ်။ နိုင်ငံအများအပြားမှာအသုံးပြုနေပေမဲ့ မြန်မာမှာတော့ စလုံးရေးစ ပေါ့။ စလုံးရေးမစရင်လည်း သူများနှင့်တန်းတူမဖြစ်နိုင်ပါဘူး။ တန်းတူဆိုတဲ့ စကားလုံးကိုသုံးရတာခက်ပါတယ်။ သူများတွေနောက်ကလိုက်ဖို့ဆိုတာကိုက စလုံးရေးက စရမှာပါပဲ။ သိသလောက်မျှဝေတာဖြစ်ပါတယ် ပိုသိတဲ့သူက ပြင်ပေးပြီး။ ၀င်ဆွေးနွေးရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Thursday, September 25, 2008

ဘောလုံး

Blog လုပ်ပြီးတော့ တစ်နေ့တစ်နေ့ မအားတဲ့ကြားထဲက ခေါင်းစဉ်တွေစဉ်းစားရင်းပျော်ရပါတယ်။ ဘာလေးရေးလိုက်မယ်ဆိုတာမျိုးပေါ့။ တကယ်တော့ရေးမဲ့အချိန်ကနည်းနည်း၊ ၀မ်းစာကနည်းနည်းနှင့် ။ ဘောလုံးအကြောင်းစဉ်းစားမိတော့ ပထမဆုံးဘောလုံးကန်ဘူးတာက ငယ်ငယ်ကရင်းဘောလုံးသေးသေးလေးကို ကန်ခဲ့တာမဟုတ်ဘူးလေ။ အကြီးကြီး ( နံပါတ် ၅) ကိုကန်တာ ဘောလုံးကခြေသလုံးနှင့်အပြည့်ပါပဲ။ ရွာမှာကန်တဲ့ပွဲတွေတိုင်းမလွတ်တန်းကြည့်ပါတယ်။ နောက်တော့ ခဏခဏရန်တွေဖြစ်ကြတော့ တစ်ခြားရွာတွေလိုက်မသွားရဘူး။ ပွဲတိုင်းဆိုတာထက်အဖေကန်တဲ့ပွဲတွေ ဂိုးဖမ်းတာတွေကြည့်ရတာပေါ့။ အဖေက ကိုယ့်ထက်ဝါသနာကြီးတယ်။ ဂိုးမဖမ်းနိုင်တော့ ဒိုင်လူကြီးလုပ်တယ်လေ။ လူကအတန်းထဲမှာလူကောင်လည်းအသေးဆုံး။ အသက်ကလည်းငယ်တော့ အတန်းတူ အကိုကြီးတွေကန်တာပဲလိုက်အားပေးရတာပေါ့။ နည်းနည်းရှုတ်သွားပြီ။ ရွာမှာက အတန်းပညာသိပ် အားမပေးကြဘူးလေ။ မူလတန်းပဲရှိတဲ့ကျောင်းမှာ ၄ တန်းထိထားတယ်ဆိုတာ တော်တော်လေးလွန်နေပြီပေါ့။ နွားအငှားကျောင်းခိုင်းလို့ရတဲ့အရွယ်ကို။ ကျောင်းမပျက်မကွက်တက်ရတဲ့ကိုထွန်းတို့က အတန်းထဲမှာငယ်နေတာပေါ့။ မူလတန်းမှာကိုကအတန်းတူတွေနှင့်ယှဉ်ရင် အသက်ရောလူရောငယ်နေသေးနေတော့ဝင်မကစားရဘူးလေ။ ဒီမှာဆရာတစ်ယောက်ပြောတာသတိရသေးတယ် ငယ်ငယ်တုန်းက ဂေါ်လီ ရိုက်တန်းကစားတယ်တဲ့။ နောက်တော့ ပင်ပေါင် နောင်တော့ ဘောလုံး ပြီးတော့ ground tennis၊ golf ၊ နောက်ပြီး စိတ်ပုတီးကိုင်ရတယ်တဲ့ သေးရာက ကြီး ကြီးရာကနေ ပြန်သေးရတာကိုပြောပါတယ်။ စကရင်းဘောလုံးလိုက်တာ ခုထိတော့လုံးတုန်းပါပဲ။ ဘောလုံးကို တက္ကသိုလ်တက်မှစကန်ဖြစ်တယ်ဆိုရမှာပါပဲ။ တစ်ခြားအားကစားတွေလည်းလုပ်ပေမဲ့ဘောလုံးလောက် စွဲစွဲမြဲမြဲဝါသနာပါတာရော ဖြစ်ဖြစ်မြောက်မြောက်ကစားနိုင်တာရောကမရှိပါဘူး။ ဒီလိုပြောလို့ ဘောလုံးကိုကျွမ်းကျင်လှပြီရယ်လည်းမထင်ပါနှင့်။ ဂိုးကျဉ်းအပါအ၀င် သွင်းခဲ့တဲ့ဂိုးပေါင်းရာကျော်ပါတယ်။ နေရာစုံကစားဘူးတယ်လို့ပြောလို့ရပေမဲ့ ဂိုးမဖမ်းတတ်ပါဘူး။ အဓိကသွင်းခဲ့တဲ့ဂိုးတွေက ၃၀ နီးပါးပဲရှိမှာပါ မှတ်မှတ်ရရ ကတော့ ၄ ဂိုး ၅ ဂိုးလောက်ပဲရှိပါတယ်။ ပင်နယ်တီ အပါအ၀င်ပေါ့။ နှစ်ကြီဗိုလ်ဆွဲဘူးပါတယ်။ ရှားရှားပါးပါးနှစ်ကြိမ်ပဲဗိုလ်ဆွဲတာမှာ တစ်ကြိမ်ကဘာဆုမှမရခဲ့တာတော့အမှတ်ရ၀မ်းနည်းစရာပေါ့။ တစ်ကြိမ်ကတော့ ဆုရပါတယ် ၄ ဂိုးနှင့်အများဆုံးသွင်းခဲ့ပေမဲ့ ပထမ ဒုတိယပဲဆုပေးပြီး ဂိုးအများဆုံးသွင်းသူဆုကမပါပါဘူး။ ကိုကန်တဲ့အကြောင်းကများများစားစားမရှိပါဘူး နိုင်ငံတစ်ကာဂိုး ၃ ဂိုးကိုလည်းချန်ထားလို့တော့မဖြစ်ဘူးထင်ပါရဲ့။ ဒီလောက်ပါပဲ။ ဘောလုံးပွဲက ကစားတာထက် ခန့်မှန်းတာ ကြည့်တာတွေကပိုများခဲ့ပါတယ်။ သိကြတဲ့အတိုင်း ပထမဆုံးစိတ်ဝင်စားခဲ့တာက ပြည်နယ်နှင့်တိုင်း ( တိုင်းနှင့်ပြည်နယ် လို့ တစ်ချို့ကတော့ပြောကြသည်) ပွဲတွေပါပဲ၊ အဲဒီအချိန်မှာအကောင်းဆုံးကစားနေကြတာက မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် ဒီအသင်းတွေပါ ကြည်းရေလေပွဲတွေလည်းမလွတ်တန်းပါပဲ။ အဲဒီတုန်းကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မ (၂၂) တပ်မ (၇၇) တပ်မ (၈၈) တွေပဲကောင်းတဲ့အချိန်ပါပဲ။ နောက်တော့ premier league ဆိုတဲ့ နိုင်ငံခြားကဘောလုံးပွဲတွေနှင့်ရင်းနှီးခွင့်ရလာပါတယ်။ ကိုယ်သိတာက Liverpool ဆိုတဲ့အသင်းပဲရှိတာရော။ အဲဒီအချိန်မှာ ရောဘီဖေါင်လာ၊ မက်စ်မန်နာမန်၊ စတန် ကော်လီမိုးတို့က သူရဲကောင်းတွေလေ။ နောက်တော့လည်း ကြည့်ရင်းကြည့်ရင်းနှင့် မန်ချက်စတာယူနိက်တက်ရဲ့နိုင်ပွဲတွေ ကန်တိုနာရဲ့ စွဲမက်ဖွယ်ဂိုးသွင်းယူပုံနှင့် ကစားပုံတွေက အားကျရင်း ပီတာရှမိုက်ကယ်က ဘာကြောင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားနေရာမရပဲ ဒေးဗစ်ဆီးမင်းကရရတာလည်းပေါ့။ English Premier League ဆိုတာ ကိုယ့်ဆီမှာဆို တိုင်းနှင့်ပြည်နယ်ပွဲတွေလိုပဲ တစ်နိုင်ငံတည်းကလူတွေပဲ ကန်ကြတယ်လို့ထင်နေခဲ့တာလေ။ ၁၉၉၉ မန်ယူကနေ ဥရောပဖလားကြီးရယူလိုက်ချိန်မှာတော့ ကတ်တလန်တွေဆီက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ နောက်ရောမမြေက ရိုးမား ၊လာဇီယို၊ အေစီ၊အင်တာတွေအပြင် ဟီရန်ဗင်းလိုအသင်းမျိုး၊ FC twenty လိုအသင်းမျိုးအဆုံး ဆရာမခင်ခင်ထူးပြောသလို နည်းပြ မတ်တပ်ရပ်လိုက်ပြီဆိုတာ နှင့်ဘယ်သူ့ကိုထုတ်ပြီး ဘယ်သူ့ကိုလဲမယ်ဆိုတာမျိုးမသိသေးပေမဲ့ အကျီကိုမြင်လိုက်တာ နှင့် ဒါကတော့ဆဲလ်တစ် ပဲ ဒါကတော့ PSV ပဲဆိုတာပြောနိုင်လာပါပြီ။ နောက်နိုင်ငံတစ်ကပွဲတွေနှင့် နိုင်ငံတွင်းပွဲတွေ စာချုပ်ကိစ္စ လစာကိစ္စတွေဟာအသက်ရှုမှားလောက်စရာ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ ကိုစိတ်ဝင်စားပြီးစသိတဲ့အချိန်နှင့် Media တွေရဲ့စွမ်းဆောင်မူ ဘောလုံးလောကရဲ့ပြောင်းလည်းမူတွေကို မပြတ်လေ့လာနေမိတဲ့အထိပါပဲ။ ပွဲကောင်းတွေ ည ၂ နာရီ ၃ နာရီမလွတ်တန်းထကြည့်တတ်တဲ့အကျင့်က ၁၉၉၉ မန်ယူ၊ ဘေယန်ချန်ပီယံလုပွဲကစလို့ ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မန်ယူရဲ့ဈေးကွက်ချဲ့ထွင်မှု။ နှင့်ဖျော်ဖြေမူဆန်တဲ့ကစားပုံ ပြိုင်ဘက်ကို ပွဲပြီးသည်အထိ အလျော့မပေးပဲကစားတဲ့ မန်ယူစိတ်ဓါတ်၊ ဂိုးရရင်ရသလိုသွင်းတတ်တာတွေကြောင့် မန်ယူပရိတ်သတ်ဟာ အံ့မခန်းတိုးတက်လာခဲ့ပြီး ၁၉၉၉ ပွဲတွေမကြည့်ဘူးပဲ၊ ကန်တိုနာကိုမသိပဲ၊ ကန်ချက်စကီးဆိုတာ စာရေးဆရာလားလို့မေးတဲ့သူတွေက မန်ယူမှမန်ယူဖြစ်လာတဲ့အချိန်မှာတော့ အလန်စမစ်တို့ ဖာဒီနန်တို့ ကီးဝဲလ်၊ ဗီဒူကာရော်ဘင်ဆင် တို့ရဲ့ နာမည်ကြီးတွေမပါတော့ပဲ ဥရောပဖလား ဆီမီးဖိုင်နယ်တက်တဲ့အသင်းကိုအားပေးမိပါတယ်။ သိပ်မကြာခင်မှာပဲ လိဒ်
လူတွေကွဲ အသင်းကဒေ၀ါလီခံရတဲ့အနေအထားအသင်းကအောက်တန်းကိုပြန်ဆင်းရတော့ ဘယ်အသင်းကိုအားပေးရမယ်ဆိုတာမသိတော့ပါဘူး၊ အားပေးတယ်ဆိုတာလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်း၊ ကိုယ့်မြို့နယ်၊ ကိုယ့်ကျောင့်းကိုယ့်ရပ်ကွက်အသင်းမှမဟုတ်ရင် အားနည်းတဲ့အသင်းဘက်ကနေ အားပေးတတ်တဲ့အကျင့်ကရလာပါတယ်။ မန်ယူမန်ယူဆိုပြီး မန်ယူပရိတ်သတ်မဟုတ်ပဲ မန်ယူရဲ့အောင်မြင်မူတွေကို မိန်းမောနေသူတွေအတွက် အသင်းသစ်တစ်သင်းကိုလိုချင်မိတာအမှန်ပါပဲ။ လူငယ်အများစုနှင့်ကစားပါတယ် ဆိုတဲ့အာဆင်နယ်ကိုလည်းကစားပုံကြိုက်ပေမဲ့။ အာဆင်ဝင်းဂါးအပါအ၀င် တိုင်းတပါးသားများလွန်းတဲ့အသင်းဖြစ်နေတဲ့အချက်ရော မသေချာမူတွေများတဲ့အသင်းအဖြစ်နှင့်ပါ မန်ယူကို မယှဉ်နိုင်တဲ့အသင်းအဖြစ် ဂရုဏာဒေါသောနှင့် စောစောက မန်ယူအောင်မြင်မူယစ်မူးသူတွေရှေ့မှာ အာဆင်နယ်ပရိတ်သတ်အဖြစ်မျက်နာမငယ်လိုပါဘူး။ ဒါကိုကယ်တင်မဲ့သူဟာ မော်ရင်ဟိုဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကွာတားမှာ ပေါ်တိုနှင့်နောက်ကောက်ချခဲ့ပြီးနောက် ချယ်လ်ဆီးကိုရောက်လာခဲ့ပါတော့တယ်။ မန်ယူအတွက်လည်း အာဆင်နယ်အသင်းလို အများဆုံးအသာရနေတဲ့ပြိုင်ဘက်မဟုတ်ပဲ အသာရဖို့မလွယ်တဲ့ပြိုင်ဘက်တိုးလာခဲ့ပြီလေ။ တကယ်အားပေးတော့မယ်လို့ ဆုံးဖြတ်မယ်မကြံသေးဘူး မော်ရင်ဟိုဟာချယ်လ်ဆီးကခွာရပါပြီ။ နောက်ဆုံးတော့လည်းပြည်နယ်နှင့်တိုင်းပွဲကနေ ယခုအဆင့်မြင့်တန်းပြန်လည့်ကြည့်လိုက်တော့မှပိုပြီးဆိုးရွားနေတာတွေ့ရပါတယ် ၃၃ ကြိမ်ချန်ပီယံတဲ့ ၆ နှစ်ဆက်တိုက်တဲ့ ဘဏ္ဏာအခွန်လိုအသင်းမျိုးကို ပြည်တွင်းကဘယ်အသင်းတွေယှဉ်ကြပါ့။ ပြည်တွင်းမှာ ဒီလောက်စွာတာပဲထွက်ပါလားပြည်ပ။ ပြိုင်လိုက်ပါတယ် အမျိုးသားလက်ရွေးစင်နှင့်ထူးမခြားနားပါပဲ။ ပုဂ္ဂလိကအသင်းတွေကလည်းပေါ်လိုက်ပျောက်လိုက်။ တကယ်ကောင်းတဲ့တက္ကသိုလ်အသင်းမျိုးတော့ပြန်မျှော်လင့်မိတာအမှန် အဲဒီအချိန်က နိုင်ငံလက်ရွေးစင်ကလည်းအောင်မြင်ခဲ့တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တော့ စီးပွားကူးသန်း၊ စွမ်းအင် တို့အပြင် ဆက်သွယ်ရေးနှင့် AirBagan တို့ကန်နေတဲ့ပွဲတွေကလည်းခါတိုင်းနှင့်စာရင်တော့ကြည့်ကောင်းမှာပါပဲ။ အားကစားလိုအသင်းမျိုးက အဆင့်မြင့်တန်းမှာကစားနိုင်ရင်ပိုကောင်းမယ်လို့ တစ်ဦးတည်းတွေးကြည့်နေတာ။ ဆက်သွယ်ရေးကိုအားပေးမယ်ဆိုတော့ အကြောင်းသိတွေကရယ်ကြဦးမလား။ အမှန်ကတော့ဘာမျှမဆိုင်ပါဘူး
ဘောလုံးကိုပဲကြည့်ပါတယ်။ ကိုယ့်ရပ်ကွက်အသင်းလည်းမဟုတ်ပါဘူး။ ဒီနှစ်မှအဆင့်မြင့်တန်းကိုတက်လာတာ အားနည်းနေမှာအမှန်ပါပဲ။ သို့ပေသည့်ခြေစွမ်းကထက်ပြီလူငယ်တွေအများစုပါတာရယ်။ နိုင်ငံလက်ရွေးစင်အသင်းကို အထောက်အကူပြုနိုင်မယ်လို့ထင်တာရယ်ကြောင့်ပါ။ သုဝဏ္ဏနှင့်အောင်ဆန်းကွင်းတွေမရောက်နိုင်သေးပေမဲ့ ဟိုးအဝေးကြီးကအသင်းတွေထက် သတင်းစာမှာအတန်အသင့်ပြည့်ပြည့်စုံစုံရေးနေတဲ့အဆင့်မြင့်တန်းပွဲတွေ အားပေးလိုက်ပါဦးမယ်။ အလုံးကမသေးနိုင်သေးဘူးလေ။ ဘောလုံးပဲကို။

Wednesday, September 24, 2008

လက်ဆောင်

" လခကတော့ဘယ်ပြောလောက်မလည်း။သို့ပေသည့် သြဇာအင်မတန်ရှိတယ်။ လက်ဆောင်ကတော့ဘာပြောကောင်းမလည်း အင်မတန်ရတာပေါ့။ ဘုရင်ကို မြင်းဆယ်စီးဆက်ရင် တစ်စီးရတယ်။ ကျန်တာတွေလည်းဒီအတိုင်းပဲ။ ဆင်တစ်မျိုးပဲအဖိုးကမရတာ"
အတိအကျတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ သို့သော် ဒီအတိုင်းပဲဖြစ်သည်။ ဒုတိယနှစ်မြန်မာစာတွင်ပြဌာန်းသော သိပ္ပံမောင်ဝ၏ ၀န်ထောက်မင်းစကားပြေမှဖြစ်ပါသည်။ လက်ဆောင်အကြောင်း ဘလော့တစ်ခုမှာဖါတ်ရပါသည်။ ဒီနေ့လည်းလက်ဆောင်တစ်ခုရတာနှင့်တွေးမိပြီးရေးမိခြင်းဖြစ်သည်။

" လက်ဆောင်ဆိုတာ ရတဲ့သူကိုအမြဲတန်းပျော်ရွှင်စေတယ်" တကယ်ပဲလေးစားရသော ဆရာတစ်ဦးကို လက်ဆောင်မယူမှာ ကြောက်ကြောက်ရွံ့ရွံ့နှင့်ပေးခဲ့ရစဉ်ကပြောသောစကားဖြစ်ပါသည်။ ကိုထွန်းတို့လည်း လက်ဆောင်ရတိုင်းပျော်ခဲ့ပါသည်။ ခုတော့မယူချင်မရချင်ပဲ ယူခဲ့ရသောလက်ဆောင်တွေရှိပါသည်။ (ဒါပေမဲ့ ပျော်တာပါပဲ) ဆရာ့စကားမှန်သည်ဟုဆိုရမည်။ မပေးချင်ပဲပေးခဲ့ရတာတွေလည်းရှိသည်။ လိုလိုချင်ချင်ပေးခဲ့တာတွေလည်းရှိပါသည်။ ဟိုကရတဲ့လက်ဆောင် ဒီပေး။ ဒီကရတဲ့လက်ဆောင်ဟိုပြန်ပေးနှင့်။ ရတဲ့သူတိုင်းကတော့အနည်းနှင့်အများပျော်သွားကြတာပါပဲ။ ခုလောက်ဆိုရင်ပဲ လက်ဆောင်ဆိုတာ အမျိုးမျိုးရှိကြောင်းနှင့်ကိုယ်ရခဲ့ဘူးတဲ့လက်ဆောင်တွေအကြောင်း ကိုပေးခဲ့ဘူးသောလက်ဆောင်တွေအကြောင်းစဉ်းစားမိကြမည်ထင်ပါသည်။
လက်ဆောင်ရလို့ပျော်ခဲ့တာပြန်တွေးရင်းပျော်နိုင်သလို ကြည်ကြည်ဖြူဖြူပေးချင်လို့ပေးခဲ့သောလက်ဆောင်များအကြောင်းပြန်တွေးရင်း ကြည်နူးနိုင်မည်ထင်ပါသည်။ လက်ဆောင်ကိုသာဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ၀န်ထောက်မင်းပြောသောလက်ဆောင်နှင့် ကျွန်တော်ဆရာပြောသောလက်ဆောင် အများကြီးကွာပါသည်ဆိုသည့်အချက်ကိုလည်းတွေးမိပါသည်။ ကျန်ခဲ့မည်ဆိုးသောကြောင့် ဒရောသောပါရေးပါမည် ချစ်သူဆီကရသောလက်ဆောင်သည် အပျော်ရွှင်ဆုံးကိုပေးမည်ဟု ရဲရဲကြီးပြောရဲပါသည်။ ဘာကြောင့်လက်ဆောင်မပေးပဲနေကြမလဲ ဟုမေးချင်ပါသည်။

Tuesday, September 23, 2008

ရွှေတိဂုံနှင့်သက်တန့်၊ ၀ါငြမ်း


(၂၃-၉-၂၀၀၈)
တစ်နေကုန်အလုပ်တွေရှုတ်နေလို့ ဘာမှတောင်မတင်တော့ဘူးသြောင်းမေ့တာ။ သို့ပေမဲ့ E-mail ထဲမှာ ဒီနေ့ရောက်လာတဲ့ပုံလေးကို ဘလော့ကတစ်ဆင့်မျှလိုက်ပါတယ်။ ၀ါးငြမ်းရယ် သက်တန့်ရယ် နောက်ပြီး ရိုက်တဲ့သူကတော်တာရယ်နှင့်တော်တော်သပ္ပါယ်တာပဲ။

သိပ်လှတယ် နည်းနည်းအေးတယ်။ ပင်လယ်နှင့်သိပ်မဝေးဘူး ။ အမြင့်ကြီးပဲ။ မုန်တိုင်းတွေဘေးကနေကာကွယ်ပေးတယ်တဲ့။ အဲဒီအပေါ်မှာသွားနေကြမလား

Monday, September 22, 2008


သူများနိုင်ငံက လ္ဘက်တောင်တန်းတွေပါ ကိုယ့်ဆီမှာလည်းအများကြီးရှိတာပါပဲ။ သို့ပေသည့် သူတို့ဆီမှာနိုင်ငံခြားသားတွေအများကြီးလာ ဈေးကြီးကြီးနှင့်ရအောင်ရောင်းနိုင်ကြတော့ အားကြပြီးပြန်လာခဲ့ရပါတယ်။ ကိုယ့်ဆီက လ္ဘက်တောင်တန်းတွေလည်းအဲလိုဖြစ်ရင်ကောင်းမှာ ဘယ်နေရာတွေကိုအဲလိုလုပ်ရင်ကောင်းမလည်းနမ့်ဆမ်၊ မိုးကုတ်၊ သံတောင် အများကြီးရှိတယ်လို့ထင်တာပါပဲ

ကျွန်တော်နှင့် Blog

သူများတွေ ဘလော့ကြတာ အားကျစရာ။ ကိုလည်းကိုယ်ပိုင်ဘလော့လေးရှိချင်သည်။ ရေးလိုက်တာ လေးခုလောက်ရှိသွားပြီ။ ပထမတစ်ခုက Connection ဘလော့ကို ၀င်လို့ရလိုက်မရလိုက်။ နောက်တစ်ခုက ကိုယ်ကလည်းဟိုနေရာသွားရ ဒီနေရာသွားရနှင့် password မေ့သွားလိုက်။ ၀င်လို့မရဖြစ်လိုက်နှင့် တစ်ခုမှသေသေချာချာမလုပ်ဖြစ်ခဲ့။ ဒီဘလော့လေးတော့ ညီလေးတစ်ယောက်အကူအညီနှင့်နည်းနည်းဂရုစိုက်မှ။ အစကပြောခဲ့သလိုကိုယ်ပြောချင်တာပြောချင်လို့ရေးတာပါပဲ။ မပြောချင်တော့ရင်မရေးပဲနေဖို့ပဲရှိသည်။
စာရေးတယ်ဆိုတော့တကယ်ကမလွယ်လှ။ တော်တော်လေးဝမ်းစာပြည့်မှရေးလို့ရမှာလေ။ နောက်ပြီး blog ဆိုတာကလည်း ဘာပဲဖြစ်ဖြစ်အင်တာနက်ရှိဖို့ ကွန်ပြူတာရှိဖို့လိုသလို ဘာမှမတတ်လည်းအနည်းနှင့်အများတော့နီးစပ်မှုရှိမှရေးလို့ရတာမဟုတ်လား။ ပြောချင်လို့ပြောပြီး ဘယ်သူမှမကြားမကြည့်ဘူးဆိုတော့လည်းအဆင်မပြေဘူးလေ။ ကိုယ်လည်းဘလော့တွေကြည့်ဘူးတာပဲ။ အရေးအသား တင်ပြပုံ အကြောင်းအရာတွေအပြင် အရေးကြီးဆုံးအချက်ကတော့ Update ဖြစ်ဖို့လိုသည်။ နေ့စဉ်မလုပ်နိုင်လည်း ကိုယ်ပထမအကြိမ်ကြည့်တာနှင့် ဒုတိယအကြိမ်ကြည့်တာအတူတူဖြစ်နေရင်အဲဒီဘလော့ကို နောက်တစ်ခေါက်ကြည့်ဖို့ အနည်းနှင့်အများဝန်လေးတတ်သည်။ ကြိုးစားပါဦးမည်။ ကွန်ပြူတာကို Network ချိတ်ပြီး ဘာတစ်ခုမှ share လုပ်မပေးနိုင်တဲ့အခါ ရှက်မိသည်။ ခုလည်း အဲဒီသဘောနှင့် ကိုသိတာတွေ ဖလှယ်ဖို့ နောက်ပြီး ကိုယ်သိတာမှားနေခဲ့ရင်ပြင်ပေးဖို့ ကြိုးစားစုဆောင်းပြီး ရေးသွားမည်။ အားပေးကြပါဦး။

မန်းရွှေစက်တော်ပါ


အားလုံးသိကြပါတယ် မန်းရွှေစက်တော်လေ အပေါ်ကနေရိုက်ထားတာ။ ရောက်ဘူးသူတိုင်းသတိရအောင်နှင့်မရောက်သေးတဲ့သူတွေသွားချင်အောင်တင်လိုက်တာပါ

အရမ်းသပ္ပါယ်တယ်လို့ပြောဖို့ခက်တာ ရိုက်တဲ့သူကညံ့ခဲ့လိုပါ။
တော်တော်စိတ်ကြည်နူးခဲ့ရပါတယ်။ သွားလည်ကြပါလားလို့ပြောရအောင်တော်တော်လေးဝေးလံခေါင်သီနေတာကို

ဒါမျိုးပုံတွေသဘောကျပါတယ်


ရောက်ခဲ့ဘူးတဲ့တစ်နေရာပါ။ သွားရတာများလွန်းလို့လည်း ရောက်တဲ့နေရာတော်တော်များပေမဲ့ ကင်မရာကကောင်းကောင်းမရှိခဲ့တော့ ဓါတ်ပုံကောင်းကောင်းလည်းမရှိဘူးပေါ့။ ကိုယ့်နိုင်ငံရေမြေဒီလောက်လှတာဂုဏ်ယူစိတ်နှင့်တင်မိတာပါ ဘယ်နေရာဖြစ်မယ်လို့ထင်ပါသလည်း ထင်တာလေးတွေ comments ထားခဲ့စေချင်ပါတယ်

Saturday, September 20, 2008

သူများ ဘလော့လေးတွေလိုဖြစ်ချင်တယ်

ဘလော့ဘလော့နှင့် ဘလော့နေလိုက်ကြတာ
ရေးချင်တာလည်းအရူးအမူး သူများလိုလှလှပပလည်းမလုပ်တတ် စီဗုန်းတို့
လာလည်သူဘယ်လောက်ဆိုတာမျိုးဖြစ်ချင်တာ
ကူကြပါဦး ၀င်တဲ့သူက

Thursday, September 18, 2008

ဝင်ပြင်ပေးကြပါ

သူများတွေလိုဘလော့ကိုလှလှပပဝေေ၀ဆာဆာလေးလုပ်ချင်ပါတယ် C-box တွေဘာတွေနှင့်ပေါ့ ခုတော့မတတ်သေးဘူးလေ အချိန်ကလုနေရတာကို ကြိုးစားပြီးဆက်ရေးသွားမယ်ရည်ရွယ်ပါတယ်
မှားနေရင်ပြင်ပေးပြီး C-box မရှိခင် Comments လေးတွေထားခဲ့စေချင်ပါတယ်။ အဓိကတော့ရေးချင်တာရေးဖို့ပါပဲ။

ဘလော့သုံးခုမြောက်ပါ

သူများတွေ ဘလော့နေတုန်းကရင်းဘလော့ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်တကယ်မလုပ်ဖြစ်ပါဘူး
ခုတော့စစမ်းကြည့်လိုက်တာပါ google ကနေတစ်ဆင့်ပေါ့ အလျဉ်းသင့်သလိုဆက်ရေးသွားမယ်ရည်ရွယ်ပါတယ်
လာလည်ကြပါဦး