" လခကတော့ဘယ်ပြောလောက်မလည်း။သို့ပေသည့် သြဇာအင်မတန်ရှိတယ်။ လက်ဆောင်ကတော့ဘာပြောကောင်းမလည်း အင်မတန်ရတာပေါ့။ ဘုရင်ကို မြင်းဆယ်စီးဆက်ရင် တစ်စီးရတယ်။ ကျန်တာတွေလည်းဒီအတိုင်းပဲ။ ဆင်တစ်မျိုးပဲအဖိုးကမရတာ"
အတိအကျတော့ဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ သို့သော် ဒီအတိုင်းပဲဖြစ်သည်။ ဒုတိယနှစ်မြန်မာစာတွင်ပြဌာန်းသော သိပ္ပံမောင်ဝ၏ ၀န်ထောက်မင်းစကားပြေမှဖြစ်ပါသည်။ လက်ဆောင်အကြောင်း ဘလော့တစ်ခုမှာဖါတ်ရပါသည်။ ဒီနေ့လည်းလက်ဆောင်တစ်ခုရတာနှင့်တွေးမိပြီးရေးမိခြင်းဖြစ်သည်။
" လက်ဆောင်ဆိုတာ ရတဲ့သူကိုအမြဲတန်းပျော်ရွှင်စေတယ်" တကယ်ပဲလေးစားရသော ဆရာတစ်ဦးကို လက်ဆောင်မယူမှာ ကြောက်ကြောက်ရွံ့ရွံ့နှင့်ပေးခဲ့ရစဉ်ကပြောသောစကားဖြစ်ပါသည်။ ကိုထွန်းတို့လည်း လက်ဆောင်ရတိုင်းပျော်ခဲ့ပါသည်။ ခုတော့မယူချင်မရချင်ပဲ ယူခဲ့ရသောလက်ဆောင်တွေရှိပါသည်။ (ဒါပေမဲ့ ပျော်တာပါပဲ) ဆရာ့စကားမှန်သည်ဟုဆိုရမည်။ မပေးချင်ပဲပေးခဲ့ရတာတွေလည်းရှိသည်။ လိုလိုချင်ချင်ပေးခဲ့တာတွေလည်းရှိပါသည်။ ဟိုကရတဲ့လက်ဆောင် ဒီပေး။ ဒီကရတဲ့လက်ဆောင်ဟိုပြန်ပေးနှင့်။ ရတဲ့သူတိုင်းကတော့အနည်းနှင့်အများပျော်သွားကြတာပါပဲ။ ခုလောက်ဆိုရင်ပဲ လက်ဆောင်ဆိုတာ အမျိုးမျိုးရှိကြောင်းနှင့်ကိုယ်ရခဲ့ဘူးတဲ့လက်ဆောင်တွေအကြောင်း ကိုပေးခဲ့ဘူးသောလက်ဆောင်တွေအကြောင်းစဉ်းစားမိကြမည်ထင်ပါသည်။
လက်ဆောင်ရလို့ပျော်ခဲ့တာပြန်တွေးရင်းပျော်နိုင်သလို ကြည်ကြည်ဖြူဖြူပေးချင်လို့ပေးခဲ့သောလက်ဆောင်များအကြောင်းပြန်တွေးရင်း ကြည်နူးနိုင်မည်ထင်ပါသည်။ လက်ဆောင်ကိုသာဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ၀န်ထောက်မင်းပြောသောလက်ဆောင်နှင့် ကျွန်တော်ဆရာပြောသောလက်ဆောင် အများကြီးကွာပါသည်ဆိုသည့်အချက်ကိုလည်းတွေးမိပါသည်။ ကျန်ခဲ့မည်ဆိုးသောကြောင့် ဒရောသောပါရေးပါမည် ချစ်သူဆီကရသောလက်ဆောင်သည် အပျော်ရွှင်ဆုံးကိုပေးမည်ဟု ရဲရဲကြီးပြောရဲပါသည်။ ဘာကြောင့်လက်ဆောင်မပေးပဲနေကြမလဲ ဟုမေးချင်ပါသည်။
Wednesday, September 24, 2008
Subscribe to:
Post Comments (Atom)


1 comment:
Ko Tun, I like this post and see more in what are the objectives, flow, impact, etc of "Gift"
Post a Comment