Thursday, September 25, 2008

ဘောလုံး

Blog လုပ်ပြီးတော့ တစ်နေ့တစ်နေ့ မအားတဲ့ကြားထဲက ခေါင်းစဉ်တွေစဉ်းစားရင်းပျော်ရပါတယ်။ ဘာလေးရေးလိုက်မယ်ဆိုတာမျိုးပေါ့။ တကယ်တော့ရေးမဲ့အချိန်ကနည်းနည်း၊ ၀မ်းစာကနည်းနည်းနှင့် ။ ဘောလုံးအကြောင်းစဉ်းစားမိတော့ ပထမဆုံးဘောလုံးကန်ဘူးတာက ငယ်ငယ်ကရင်းဘောလုံးသေးသေးလေးကို ကန်ခဲ့တာမဟုတ်ဘူးလေ။ အကြီးကြီး ( နံပါတ် ၅) ကိုကန်တာ ဘောလုံးကခြေသလုံးနှင့်အပြည့်ပါပဲ။ ရွာမှာကန်တဲ့ပွဲတွေတိုင်းမလွတ်တန်းကြည့်ပါတယ်။ နောက်တော့ ခဏခဏရန်တွေဖြစ်ကြတော့ တစ်ခြားရွာတွေလိုက်မသွားရဘူး။ ပွဲတိုင်းဆိုတာထက်အဖေကန်တဲ့ပွဲတွေ ဂိုးဖမ်းတာတွေကြည့်ရတာပေါ့။ အဖေက ကိုယ့်ထက်ဝါသနာကြီးတယ်။ ဂိုးမဖမ်းနိုင်တော့ ဒိုင်လူကြီးလုပ်တယ်လေ။ လူကအတန်းထဲမှာလူကောင်လည်းအသေးဆုံး။ အသက်ကလည်းငယ်တော့ အတန်းတူ အကိုကြီးတွေကန်တာပဲလိုက်အားပေးရတာပေါ့။ နည်းနည်းရှုတ်သွားပြီ။ ရွာမှာက အတန်းပညာသိပ် အားမပေးကြဘူးလေ။ မူလတန်းပဲရှိတဲ့ကျောင်းမှာ ၄ တန်းထိထားတယ်ဆိုတာ တော်တော်လေးလွန်နေပြီပေါ့။ နွားအငှားကျောင်းခိုင်းလို့ရတဲ့အရွယ်ကို။ ကျောင်းမပျက်မကွက်တက်ရတဲ့ကိုထွန်းတို့က အတန်းထဲမှာငယ်နေတာပေါ့။ မူလတန်းမှာကိုကအတန်းတူတွေနှင့်ယှဉ်ရင် အသက်ရောလူရောငယ်နေသေးနေတော့ဝင်မကစားရဘူးလေ။ ဒီမှာဆရာတစ်ယောက်ပြောတာသတိရသေးတယ် ငယ်ငယ်တုန်းက ဂေါ်လီ ရိုက်တန်းကစားတယ်တဲ့။ နောက်တော့ ပင်ပေါင် နောင်တော့ ဘောလုံး ပြီးတော့ ground tennis၊ golf ၊ နောက်ပြီး စိတ်ပုတီးကိုင်ရတယ်တဲ့ သေးရာက ကြီး ကြီးရာကနေ ပြန်သေးရတာကိုပြောပါတယ်။ စကရင်းဘောလုံးလိုက်တာ ခုထိတော့လုံးတုန်းပါပဲ။ ဘောလုံးကို တက္ကသိုလ်တက်မှစကန်ဖြစ်တယ်ဆိုရမှာပါပဲ။ တစ်ခြားအားကစားတွေလည်းလုပ်ပေမဲ့ဘောလုံးလောက် စွဲစွဲမြဲမြဲဝါသနာပါတာရော ဖြစ်ဖြစ်မြောက်မြောက်ကစားနိုင်တာရောကမရှိပါဘူး။ ဒီလိုပြောလို့ ဘောလုံးကိုကျွမ်းကျင်လှပြီရယ်လည်းမထင်ပါနှင့်။ ဂိုးကျဉ်းအပါအ၀င် သွင်းခဲ့တဲ့ဂိုးပေါင်းရာကျော်ပါတယ်။ နေရာစုံကစားဘူးတယ်လို့ပြောလို့ရပေမဲ့ ဂိုးမဖမ်းတတ်ပါဘူး။ အဓိကသွင်းခဲ့တဲ့ဂိုးတွေက ၃၀ နီးပါးပဲရှိမှာပါ မှတ်မှတ်ရရ ကတော့ ၄ ဂိုး ၅ ဂိုးလောက်ပဲရှိပါတယ်။ ပင်နယ်တီ အပါအ၀င်ပေါ့။ နှစ်ကြီဗိုလ်ဆွဲဘူးပါတယ်။ ရှားရှားပါးပါးနှစ်ကြိမ်ပဲဗိုလ်ဆွဲတာမှာ တစ်ကြိမ်ကဘာဆုမှမရခဲ့တာတော့အမှတ်ရ၀မ်းနည်းစရာပေါ့။ တစ်ကြိမ်ကတော့ ဆုရပါတယ် ၄ ဂိုးနှင့်အများဆုံးသွင်းခဲ့ပေမဲ့ ပထမ ဒုတိယပဲဆုပေးပြီး ဂိုးအများဆုံးသွင်းသူဆုကမပါပါဘူး။ ကိုကန်တဲ့အကြောင်းကများများစားစားမရှိပါဘူး နိုင်ငံတစ်ကာဂိုး ၃ ဂိုးကိုလည်းချန်ထားလို့တော့မဖြစ်ဘူးထင်ပါရဲ့။ ဒီလောက်ပါပဲ။ ဘောလုံးပွဲက ကစားတာထက် ခန့်မှန်းတာ ကြည့်တာတွေကပိုများခဲ့ပါတယ်။ သိကြတဲ့အတိုင်း ပထမဆုံးစိတ်ဝင်စားခဲ့တာက ပြည်နယ်နှင့်တိုင်း ( တိုင်းနှင့်ပြည်နယ် လို့ တစ်ချို့ကတော့ပြောကြသည်) ပွဲတွေပါပဲ၊ အဲဒီအချိန်မှာအကောင်းဆုံးကစားနေကြတာက မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် ဒီအသင်းတွေပါ ကြည်းရေလေပွဲတွေလည်းမလွတ်တန်းပါပဲ။ အဲဒီတုန်းကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မ (၂၂) တပ်မ (၇၇) တပ်မ (၈၈) တွေပဲကောင်းတဲ့အချိန်ပါပဲ။ နောက်တော့ premier league ဆိုတဲ့ နိုင်ငံခြားကဘောလုံးပွဲတွေနှင့်ရင်းနှီးခွင့်ရလာပါတယ်။ ကိုယ်သိတာက Liverpool ဆိုတဲ့အသင်းပဲရှိတာရော။ အဲဒီအချိန်မှာ ရောဘီဖေါင်လာ၊ မက်စ်မန်နာမန်၊ စတန် ကော်လီမိုးတို့က သူရဲကောင်းတွေလေ။ နောက်တော့လည်း ကြည့်ရင်းကြည့်ရင်းနှင့် မန်ချက်စတာယူနိက်တက်ရဲ့နိုင်ပွဲတွေ ကန်တိုနာရဲ့ စွဲမက်ဖွယ်ဂိုးသွင်းယူပုံနှင့် ကစားပုံတွေက အားကျရင်း ပီတာရှမိုက်ကယ်က ဘာကြောင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားနေရာမရပဲ ဒေးဗစ်ဆီးမင်းကရရတာလည်းပေါ့။ English Premier League ဆိုတာ ကိုယ့်ဆီမှာဆို တိုင်းနှင့်ပြည်နယ်ပွဲတွေလိုပဲ တစ်နိုင်ငံတည်းကလူတွေပဲ ကန်ကြတယ်လို့ထင်နေခဲ့တာလေ။ ၁၉၉၉ မန်ယူကနေ ဥရောပဖလားကြီးရယူလိုက်ချိန်မှာတော့ ကတ်တလန်တွေဆီက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ နောက်ရောမမြေက ရိုးမား ၊လာဇီယို၊ အေစီ၊အင်တာတွေအပြင် ဟီရန်ဗင်းလိုအသင်းမျိုး၊ FC twenty လိုအသင်းမျိုးအဆုံး ဆရာမခင်ခင်ထူးပြောသလို နည်းပြ မတ်တပ်ရပ်လိုက်ပြီဆိုတာ နှင့်ဘယ်သူ့ကိုထုတ်ပြီး ဘယ်သူ့ကိုလဲမယ်ဆိုတာမျိုးမသိသေးပေမဲ့ အကျီကိုမြင်လိုက်တာ နှင့် ဒါကတော့ဆဲလ်တစ် ပဲ ဒါကတော့ PSV ပဲဆိုတာပြောနိုင်လာပါပြီ။ နောက်နိုင်ငံတစ်ကပွဲတွေနှင့် နိုင်ငံတွင်းပွဲတွေ စာချုပ်ကိစ္စ လစာကိစ္စတွေဟာအသက်ရှုမှားလောက်စရာ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ ကိုစိတ်ဝင်စားပြီးစသိတဲ့အချိန်နှင့် Media တွေရဲ့စွမ်းဆောင်မူ ဘောလုံးလောကရဲ့ပြောင်းလည်းမူတွေကို မပြတ်လေ့လာနေမိတဲ့အထိပါပဲ။ ပွဲကောင်းတွေ ည ၂ နာရီ ၃ နာရီမလွတ်တန်းထကြည့်တတ်တဲ့အကျင့်က ၁၉၉၉ မန်ယူ၊ ဘေယန်ချန်ပီယံလုပွဲကစလို့ ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ မန်ယူရဲ့ဈေးကွက်ချဲ့ထွင်မှု။ နှင့်ဖျော်ဖြေမူဆန်တဲ့ကစားပုံ ပြိုင်ဘက်ကို ပွဲပြီးသည်အထိ အလျော့မပေးပဲကစားတဲ့ မန်ယူစိတ်ဓါတ်၊ ဂိုးရရင်ရသလိုသွင်းတတ်တာတွေကြောင့် မန်ယူပရိတ်သတ်ဟာ အံ့မခန်းတိုးတက်လာခဲ့ပြီး ၁၉၉၉ ပွဲတွေမကြည့်ဘူးပဲ၊ ကန်တိုနာကိုမသိပဲ၊ ကန်ချက်စကီးဆိုတာ စာရေးဆရာလားလို့မေးတဲ့သူတွေက မန်ယူမှမန်ယူဖြစ်လာတဲ့အချိန်မှာတော့ အလန်စမစ်တို့ ဖာဒီနန်တို့ ကီးဝဲလ်၊ ဗီဒူကာရော်ဘင်ဆင် တို့ရဲ့ နာမည်ကြီးတွေမပါတော့ပဲ ဥရောပဖလား ဆီမီးဖိုင်နယ်တက်တဲ့အသင်းကိုအားပေးမိပါတယ်။ သိပ်မကြာခင်မှာပဲ လိဒ်
လူတွေကွဲ အသင်းကဒေ၀ါလီခံရတဲ့အနေအထားအသင်းကအောက်တန်းကိုပြန်ဆင်းရတော့ ဘယ်အသင်းကိုအားပေးရမယ်ဆိုတာမသိတော့ပါဘူး၊ အားပေးတယ်ဆိုတာလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်း၊ ကိုယ့်မြို့နယ်၊ ကိုယ့်ကျောင့်းကိုယ့်ရပ်ကွက်အသင်းမှမဟုတ်ရင် အားနည်းတဲ့အသင်းဘက်ကနေ အားပေးတတ်တဲ့အကျင့်ကရလာပါတယ်။ မန်ယူမန်ယူဆိုပြီး မန်ယူပရိတ်သတ်မဟုတ်ပဲ မန်ယူရဲ့အောင်မြင်မူတွေကို မိန်းမောနေသူတွေအတွက် အသင်းသစ်တစ်သင်းကိုလိုချင်မိတာအမှန်ပါပဲ။ လူငယ်အများစုနှင့်ကစားပါတယ် ဆိုတဲ့အာဆင်နယ်ကိုလည်းကစားပုံကြိုက်ပေမဲ့။ အာဆင်ဝင်းဂါးအပါအ၀င် တိုင်းတပါးသားများလွန်းတဲ့အသင်းဖြစ်နေတဲ့အချက်ရော မသေချာမူတွေများတဲ့အသင်းအဖြစ်နှင့်ပါ မန်ယူကို မယှဉ်နိုင်တဲ့အသင်းအဖြစ် ဂရုဏာဒေါသောနှင့် စောစောက မန်ယူအောင်မြင်မူယစ်မူးသူတွေရှေ့မှာ အာဆင်နယ်ပရိတ်သတ်အဖြစ်မျက်နာမငယ်လိုပါဘူး။ ဒါကိုကယ်တင်မဲ့သူဟာ မော်ရင်ဟိုဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကွာတားမှာ ပေါ်တိုနှင့်နောက်ကောက်ချခဲ့ပြီးနောက် ချယ်လ်ဆီးကိုရောက်လာခဲ့ပါတော့တယ်။ မန်ယူအတွက်လည်း အာဆင်နယ်အသင်းလို အများဆုံးအသာရနေတဲ့ပြိုင်ဘက်မဟုတ်ပဲ အသာရဖို့မလွယ်တဲ့ပြိုင်ဘက်တိုးလာခဲ့ပြီလေ။ တကယ်အားပေးတော့မယ်လို့ ဆုံးဖြတ်မယ်မကြံသေးဘူး မော်ရင်ဟိုဟာချယ်လ်ဆီးကခွာရပါပြီ။ နောက်ဆုံးတော့လည်းပြည်နယ်နှင့်တိုင်းပွဲကနေ ယခုအဆင့်မြင့်တန်းပြန်လည့်ကြည့်လိုက်တော့မှပိုပြီးဆိုးရွားနေတာတွေ့ရပါတယ် ၃၃ ကြိမ်ချန်ပီယံတဲ့ ၆ နှစ်ဆက်တိုက်တဲ့ ဘဏ္ဏာအခွန်လိုအသင်းမျိုးကို ပြည်တွင်းကဘယ်အသင်းတွေယှဉ်ကြပါ့။ ပြည်တွင်းမှာ ဒီလောက်စွာတာပဲထွက်ပါလားပြည်ပ။ ပြိုင်လိုက်ပါတယ် အမျိုးသားလက်ရွေးစင်နှင့်ထူးမခြားနားပါပဲ။ ပုဂ္ဂလိကအသင်းတွေကလည်းပေါ်လိုက်ပျောက်လိုက်။ တကယ်ကောင်းတဲ့တက္ကသိုလ်အသင်းမျိုးတော့ပြန်မျှော်လင့်မိတာအမှန် အဲဒီအချိန်က နိုင်ငံလက်ရွေးစင်ကလည်းအောင်မြင်ခဲ့တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တော့ စီးပွားကူးသန်း၊ စွမ်းအင် တို့အပြင် ဆက်သွယ်ရေးနှင့် AirBagan တို့ကန်နေတဲ့ပွဲတွေကလည်းခါတိုင်းနှင့်စာရင်တော့ကြည့်ကောင်းမှာပါပဲ။ အားကစားလိုအသင်းမျိုးက အဆင့်မြင့်တန်းမှာကစားနိုင်ရင်ပိုကောင်းမယ်လို့ တစ်ဦးတည်းတွေးကြည့်နေတာ။ ဆက်သွယ်ရေးကိုအားပေးမယ်ဆိုတော့ အကြောင်းသိတွေကရယ်ကြဦးမလား။ အမှန်ကတော့ဘာမျှမဆိုင်ပါဘူး
ဘောလုံးကိုပဲကြည့်ပါတယ်။ ကိုယ့်ရပ်ကွက်အသင်းလည်းမဟုတ်ပါဘူး။ ဒီနှစ်မှအဆင့်မြင့်တန်းကိုတက်လာတာ အားနည်းနေမှာအမှန်ပါပဲ။ သို့ပေသည့်ခြေစွမ်းကထက်ပြီလူငယ်တွေအများစုပါတာရယ်။ နိုင်ငံလက်ရွေးစင်အသင်းကို အထောက်အကူပြုနိုင်မယ်လို့ထင်တာရယ်ကြောင့်ပါ။ သုဝဏ္ဏနှင့်အောင်ဆန်းကွင်းတွေမရောက်နိုင်သေးပေမဲ့ ဟိုးအဝေးကြီးကအသင်းတွေထက် သတင်းစာမှာအတန်အသင့်ပြည့်ပြည့်စုံစုံရေးနေတဲ့အဆင့်မြင့်တန်းပွဲတွေ အားပေးလိုက်ပါဦးမယ်။ အလုံးကမသေးနိုင်သေးဘူးလေ။ ဘောလုံးပဲကို။

No comments: