Wednesday, September 23, 2009

ကိုထွန်း အသက်ရှင်လျက်ပါ

အမတစ်ယောက်က ဘလော့မေ၇းတော့ပဲနားတော့မယ်ဆိုမှပဲ။ စိတ်ထဲမှာ သူ့ဘလော့ကို ဆုံးရှုံးလိုက်ရတာ သူ့အသက်ကိုပါ ဆုံးရှုံးလိုက်ရသလိုမျိုးခံစားလိုက်ရတယ်လေ။ ဘယ်သူမှလည်းလင့်မပေး အရေးအသားကလည်းမကောင်း၊ ရေးတဲ့အကြောင်းအရာကလည်းစိတ်ဝင်စားစရာမရှိတဲ့ဘလော့လေးကို ၀င်ကြည့်တဲ့သူ ၅၀၀ ရှိပါသတဲ့။ အချိန်ရရင်ပဲဖြစ်ဖြစ်၊ စိတ်ထဲမှာ အရမ်းခံစားရရင်ပဲဖြစ်ဖြစ်၊ အတွေ့အကြုံသစ်တွေ (ခရီးသွား၊ သင်တန်းတက်၊ တစ်ခုခုပေါ့..) လုပ်ဖြစ်တယ်ဆို အမှတ်တရဖြစ်အောင် ရေးခဲ့ခြင်တာပါပဲ။ သို့ပေသည့် ရေးဖို့ကိုကျော်ခွဝင်နေရတော့ တစုံတရာကျူးလွန်သလိုခံစားနေရတဲ့အတွက်မရေးဖြစ်တာပါ။ ရေးဖြစ်တာနည်းတဲ့အထဲ ပြန်ဖျက်ပစ်တာက များနေသလားမသိ။ အသက်ရှိကြောင်းဝင်ကြည့်ခဲ့တဲ့ ၅၀၀ ကို အကြောင်းပြန်လိုက်ပါတယ်။

Sunday, June 7, 2009

အောင်စာရင်း

မနေ့က အောင်စရင်းတွေထွက်တယ်။
ပိုစ် အသစ်ကလည်းမတင်ဖြစ်တော့ဘူး။ ရေးချင်တာတွေမရေးနိုင်လို့ထင်ပါရဲ့။ ဗိုက်ပဲပိုဖေါင်းလာတယ်။
အောင်စာရင်ထွက်တော့သတိမထားမိသေးဘူး အောင်စာရင်းအကြောင်းဘလော့တွေမှာဖါတ်ရမှပဲ အောင်စာရင်အကြောင်းရေးဖို့ပေါ်လာတယ်။ မှတ်မိသမျှအောင်စာရင်းကိုသေချာမကြည့်ခဲ့ရဘူးဘူး။ သူများတွေပြောတဲ့စကားနှင့်ပြောရရင် ၁၉ တန်းလောက်အောင်တာတောင် အောင်စာရင်း ကိုယ်တိုင်ကြည့်ခဲ့ရတာက ၃ တန်းလောက်ပဲရှိမယ်ထင်တယ်။ အဲဒီ ၃ တန်းမှာလည်းမှတ်မှတ်ရရ အောင်စာရင်းကိုအတန်းပိုင်ဆရာမက လာခေါ် ကူကပ်ခိုင်း အောင်စာရင်းတွေကပ်ထားတဲ့သင်ပုန်းကိုကိုယ်တိုင်မရွေ့ပေးခဲ့ရတဲ့ ၉ တန်းနှစ်တစ်နှစ်ရှိခဲ့သေးတယ်။ သူများတွေအတွက်အောင်စာရင်းထွက်မှပဲကြည့်ဘူးတော့တယ်။ နောက်တကြိမ်အချိန်ရရင်တော့ အောင်စာရင်ထွက်တာနှင့်တိုက်ခိုင်ခဲ့ရင်အများကြီးရေးချင်ပါသေးတယ်။ ခုတော့ ကိုယ်အောင်စရင်းကို ၁၉ တန်းလောက်မှာ ၃ တန်းလောက်ပဲကြည့်ဘူးတယ်ဆိုတာကိုပဲ ပြောဖြစ်တော့တယ်။ ဖါတ်တဲ့သူတွေလည်းအောင်စာရင်းနှင့်ပါတ်သက်ပြီးရေးခဲ့ကြပါဦး

Friday, January 2, 2009

အားနာရပြန်ဘီ

ခုတစ်လောမှ ကိုယ့်ဘလော့ကိုလာလည်တဲ့သူတွေနည်းနည်းပြန်စည်ကားနေတယ်ဆိုတာသိပေမဲ့ အလုပ်တွေလည်းများ ကော်နက်ရှင်ကမကောင်းရေးစရာအကြောင်းတွေကလည်း ဘလော့ပေါ်မတင်နိုင်တဲ့ အကြောင်းတွေကများနေတော့ မတင်ဖြစ်ဘူးကွယ်။
နောက်ပိုင်းမှပဲ တစ်ခြားကိစ္စတွေဘေးထားနည်းပညာဆိုင်ရာလေးတွေတင်ပါဦးမယ်။ နည်းပညာဆိုတာလည်း စိတ်ထဲရှိတဲ့အတိုင်းမှရေးမရတာ သည်းခံပြီးစောင့်ပေးကြပါဦး။