Sunday, October 19, 2008
တင်းနစ်
တင်းနစ်ပွဲတွေက လူကုန်ထံတွေကစားတဲ့အားကစားနည်းတစ်မျိုးဆိုတော့မ၀င်ဆန့်ခဲ့တာအမှန်ပါ။ မကစားတတ်ဘူးပေါ့။ ကျောင်းရောက်တော့နည်းနည်းပါးပါးကစားဖြစ်ပေမဲ့ အမှတ်ရေတတ်ယုံပါပဲ။ ကိုယ့်နိုင်ငံကလည်းပေါက်ပေါက်မြောက်မြောက်မှမရှိတာလေ။ သိမ်ဖြူကွင်းမှာကျင်းပတဲ့ပွဲတွေသွားမကြည့်ပေမဲ့ အနိုင်ရတဲ့သူဟာ အမ်တူတူဂျာ ပဲဆိုတာလောက်သိခဲ့တာပါ။ နောက်ပိုင်းတော့တော်တော်များများ ကြည့်နိုင်တဲ့အခြေအနေရခဲ့တာကို ကံကောင်းထောက်မစွာနှင့် ကမ္ဘာ့အဆင့် မြင့်ပြိုင်ပွဲတစ်ခုကို နှစ်ရက်လောက် သွားကြည့်ဖြစ်ပါတယ်။ ကစားတာလည်းကြည့်တတ်နေပြီဖြစ်ပေမဲ့ တင်းနစ်အားကစားမယ်လေးတွေရဲ့အလှကိုချန်ပြီးရေးမယ်ဆို ဒီပို့စ်ကပြည့်စုံမှာမဟုတ်ဘူးလေ။ တကယ်လှလှပပလေးတွေပါ။ အလှအကြောင်းဒီလောက်ပြောနေပြီဆိုရင် အားပေးတဲ့သူက ရှာရာပိုဗာလို့ထင်ကြတော့မယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ်သူနာမည်ကိုအရင်ရေးဖြစ်သွားပါဘီ။ တကယ်က နှစ်လိုဖွယ်ရှိတဲ့ မီးစကင်နာ ကိုပိုကြိုက်မိပါတယ်။ မာနမရှိတဲ့မျက်နှာရယ်။ လူပိန်ပေမဲ့ ဘယ်ကထွက်မှန်းမသိတဲ့အားနှင့်ရိုက်တဲ့ရိုက်ချက်တွေကအားရစရာလေ။ တကယ်တော့ စိတ်ဓါတ်လို့ပဲထင်မိပါတယ်။ အလှကြီးမဟုတ်ပေမဲ့ သူ့ကိုပဲအားပေးမိတာအမှန်ပါ။ ဒါပေမဲ့ သူလည်းအောင်မြင်မူတွေ အများကြီးမရပဲ အဆင့်(၂) အထိသာအမြင့်ဆုံးတက်လှမ်းနိုင်ပြီးအနားယူသွားခဲ့ပြီလေ။ ခုတော့ ဒီမင်တရေးဗာကိုစောင့်ကြည့်ရင်း။ ဆာဖင်နာ က သူ့ထက်အဆင့်မြင့်နေတာ မနာလိုဖြစ်မိနေသေးတယ်။ အကြောင်းသိတွေရယ်တော့မယ်။ အားပေးတဲ့သူကလည်းရုရှားသူတွေကြီးပါလားဆို။ ဘာလို့လည်းဆိုတော့ ဟို နိုင်ငံကြီးကကပ္ပလီညီအမ နှစ်ယောက်ကို မကြိုက်တာလည်းပါပါတယ်။ မဲမဲသဲသဲ အလှတွေဖေါ်လွန်းလို့။ အဲဒီအချိန်မှာ အကြောက်ရဆုံးပြိုင်ဘက်က ဟန်နင်းဟာဒင်းဆိုတာတော့အားလုံးသိကြပါတယ်။ ကြောက်မယ်ဆိုလည်း ကြောက်စရာလေ ဆုတွေသူကြီး သိမ်းကြုံးယူနေတာ။ သူကခွဲပေးတယ်ဆိုလည်း တနိုင်ငံတည်းသူ ကလစ်စတားပဲရတာများတာကို။ ခုတော့ သူတို့တွေလည်း မီးစကင်နာနှင့်အတူ စတပ်ဖိဂရပ်တို့ ဟင်းဂစ်တို့နည်းတူ တဖြည်းဖြည်းကြယ်ပွင့်ဟောင်းဆိုတဲ့စာရင်းထဲကို အနားယူပြီးဝင်သွားကြပြီလေ။ ပြောနေလိုက်တာ မမောမပန်းနှင့် အမျိုးသမီးတင်းနစ်မယ်တွေ အကြောင်းပေါ့။ အမျိုးသားတွေထဲမှာလည်း အဂ္ဂါစီ ကိုပဲ ကစားတာကြိုက်ခဲ့တာ။ နောက်ပိုင်းတော့ စပေးဘောတွေနှင့်အဆုံးအဖြတ်ပေးတဲ့အမျိုးသားတွေဟာ ဆုကြေးများပေမဲ့ ဆွဲဆောင်မှုကတော့အမျိုးသမီးပွဲတွေနှင့်စာရင်နည်းနာအမှန်ပဲ။ ဖယ်ဒရာတို့လှလှပပကစားပေမဲ့ သူ့ပြိုင်ဘက်တွေဖြစ်တဲ့ ဖိလစ်ပိုဆစ်၊ အင်ဒီရော့ဒစ်တို့က စပေးဘော အားကိုးကစားတဲ့သူတွေလေ နာဒါယ်တို့ခေတ်လည်းရောက်ရော မကြည့်ဖြစ်တော့ဘူး။ လှလှပပကစားတဲ့သူတွေရှိပေမဲ့လည်း စပေးဘောနှင့်အမှတ်မယူနိုင်တဲ့အမျိုးသားတွေက ကမ္ဘာ့အဆင့်ကိုတက်လှမ်းဖို့မလွယ်သေးဘူးလေ။ အမျိုးသမီးတွေကလည်းအဲဒါကိုလိုက်အတုယူနေကြပြီဆိုတော့ သူတို့သာလှမနေတော့ရင် တင်းနစ်ပွဲတွေနှင့်တဖြည်းဖြည်းဝေးသွားမယ်ထင်ပါတယ်။ ဘောလုံးပွဲပဲကြည့်တော့မှာပေါ့။
Monday, October 6, 2008
သိရင်ပြောကြပါ
ဘာရယ်မဟုတ်ပါဘူး။ အကြောင်းတစ်ခုနှင့် မေးကြပြောကြရင်းသေချာမသိတော့လည်း မေးကြည့်မိတာပါ။ Wi-Fi နှင့် Wi-Max ဘာကွာသလည်းလို့။ Wi-Fi က (၈၀၂.၁၁) ကိုသုံးပြီး Wi-Max ကတော့ ( ၈၀၂.၁၆ ) ကိုသုံးတယ်တဲ့။ အတူတူလို့ပြောတဲ့သူကပြောပြန်ရော။ မတူဘူးလို့ဆိုတဲ့သူကဆိုပါတယ်။ နည်းပညာအားဖြင့်တူတယ်တဲ့လေ။ သုံးတဲ့ Frequency spectrum ကမတူဘူးတဲ့။ Wi-Fi ဆိုတာ နီးနီးလေးပဲရတာတဲ့။ Wi-Max ကအဝေးကြီးရတာဆို။ Wi-Fi က Data rate နည်းတယ် 2 M လောက်က အများဆုံးပဲ အောက်မှာသုံးတဲ့သူတွေများရင် အလုအယက်နှင့် တိုးနေရတာ။ Wi- Max ကဈေးကြီးတယ်။ Wi-Fi ကျတော့ ဗွီဒီယိုတွေ တီဗွီတွေကိုပါ မျှသုံးလို့ရတယ်တဲ့။ လွယ်လွယ်ပြောရရင်တော့ cordless ဖုန်းနှင့် cellular ဖုန်းလိုကွာတယ်ဆိုပဲ။ wi-fi က cordless လိုမျိုး Wi-Max က cellular ပေါ့။
နောက်ဆုံးကောက်ချက်ချပါမယ် မှားရင်ပြင်ပေးကြပါ။ နည်းပညာအားဖြင့်အတူတူပေမဲ့ သုံးတဲ့ standard မတူတာရယ် frequency မတူတာတွေကြောင့် wi-fi ဆိုတာ နီးနီးနှင့် အသုံးပြုသူတွေကို အလွယ်တကူ share လုပ်နိုင်တယ်။ Wi-Max ကတော့ wi-fi ကိုပဲ ထပ်ချဲ့တဲ့သဘောပါ ထပ်ချဲ့တယ်ဆိုတဲ့နေရာမှာ distance အပြင် သူ့အောက်မှာ wi-fi တွေပါထပ်ထည့်လို့ရတဲ့ပုံစံမျိုးဆိုတော့။ ဒေတာများများသယ်နိုင်ပါတယ်။ ပုံကတော့ paint ထဲမှာ ဆွဲလိုက်တာပါပဲ။ သိပ်မကျွမ်းကျင်သေးတော့ ဒီလောက်ပဲထွက်ပါတယ်။ ၇ တန်းတုန်းက ဆရာအသစ်တစ်ယောက်ပြောသလိုပေါ့။ သူက ခုမှစသင်တာမို့မကျွမ်းသေးတာပါတဲ့။ မယုံရင်နောက်တစ်နှစ်ထပ်နေကြည့်ပါ ၇ တန်းစာကိုကောင်းကောင်းသင်နိုင်ပါပြီတဲ့။ နောက်တစ်နှစ်မနေခဲ့တော့ မသိပါဘူး။ ကျောင်းပါပြောင်းခဲ့ရတာကို။
နောက်ဆုံးကောက်ချက်ချပါမယ် မှားရင်ပြင်ပေးကြပါ။ နည်းပညာအားဖြင့်အတူတူပေမဲ့ သုံးတဲ့ standard မတူတာရယ် frequency မတူတာတွေကြောင့် wi-fi ဆိုတာ နီးနီးနှင့် အသုံးပြုသူတွေကို အလွယ်တကူ share လုပ်နိုင်တယ်။ Wi-Max ကတော့ wi-fi ကိုပဲ ထပ်ချဲ့တဲ့သဘောပါ ထပ်ချဲ့တယ်ဆိုတဲ့နေရာမှာ distance အပြင် သူ့အောက်မှာ wi-fi တွေပါထပ်ထည့်လို့ရတဲ့ပုံစံမျိုးဆိုတော့။ ဒေတာများများသယ်နိုင်ပါတယ်။ ပုံကတော့ paint ထဲမှာ ဆွဲလိုက်တာပါပဲ။ သိပ်မကျွမ်းကျင်သေးတော့ ဒီလောက်ပဲထွက်ပါတယ်။ ၇ တန်းတုန်းက ဆရာအသစ်တစ်ယောက်ပြောသလိုပေါ့။ သူက ခုမှစသင်တာမို့မကျွမ်းသေးတာပါတဲ့။ မယုံရင်နောက်တစ်နှစ်ထပ်နေကြည့်ပါ ၇ တန်းစာကိုကောင်းကောင်းသင်နိုင်ပါပြီတဲ့။ နောက်တစ်နှစ်မနေခဲ့တော့ မသိပါဘူး။ ကျောင်းပါပြောင်းခဲ့ရတာကို။
Sunday, October 5, 2008
သီတင်းကျွတ်

သီတင်းကျွတ်ပန်းချီကားပါ။ သီတင်းကျွတ်နှင့်ပါတ်သက်လာရင်အရမ်းပြောချင်တဲ့ရွာက ဓလေ့တစ်ခုရှိပါတယ်။ ရှမ်းသီးခုန်တယ်တဲ့၊ သီချင်းတွေကို အတိုင်အဖေါက်နှင့်ဆို၊ ရွာမှာရှိတဲ့အပျို၊ အအို အမျိုးသမီးတွေ ရွာလည်ကကွင်းပြင်ကြီးမှာ ၀ိုင်းကြီးပါတ်ပါတ်က ကြတာပါပဲ။ လက်ခုပ်တွေတီးလို့ပေါ့။ ဖြစ်နိုင်ရင်တော့ဗွီဒီယိုဖိုင်တွေ၊ သီချင်းစာသားတွေ ပါတင်ချင်ပါတယ်။ ခုတော့အမြည်းသဘောပါ
( အပျို ဘာလုပ်ကျွေးမယ် ခေါ်ခဲ့တယ်လေး
ခမောက်ကြိုးနှင့် ကိုယ်ပျိုးနှုတ်မယ် ခေါ်ခဲ့တယ်လေး
ရွေကြည် (ရွာအမည်ပါ) ကြီးရဲ ရွာအ၀င် ကျွန်းညိုနှစ်ပင်
သည်နှစ်ပင်ရှင်အောင်မွေးပါ။ မယ်နှင့်မောင်အတူနေရရင် ကျောင်းတိုင် ဖို့လေး။ အများစုကတော့ အပျိုလူပျို ပြောကြတဲ့စကားတွေပါပဲ။ သံဇဉ်မပြောင်းလှပေမဲ့။ လူကြီးကလူငယ်ကိုဆုံးမတာ။ အပျိုအုပ်တွေက အပျိုကလေးတွေကို ဆုံးမတဲ့စာသားတွေ၊ လူပျိုကိုလှောင်တာတွေ။ တစ်ခြားရွာသားအကြိုက်မမှားဖို့တွေကို ရွာမှာဖြစ်နေပျက်နေတာတွေနှင့် အပျိုအုပ်တွေ ကရေးကြပါတယ်။ ဇာတ်တိုက်တယ်ရယ်သီးခြားမရှိပါဘူး။ ကောက်စိုက်ချိန်မှာ ရေးပြီး ဝေခဲ့ယုံပါပဲ။ ဒီအကြောင်းတွေက ရွာမှာအများပြောနေတဲ့အကြောင်းလည်းဖြစ်နေတော့ ရှေ့ကနေတိုင်ပေးလိုက်တာနှင့်နောက်ကဘာဆိုရမယ်ဆိုတာ သိကြပြီးသားပါပဲ။ သီချင်းအပြည့်အစုံနှင့်ခု ဆိုနေကနေတာတွေတော့ရွာကိုလှမ်းမေးပြီးမှပဲပြောပြလို့ရမှာပါ။ ရွာကို ဆေးဆရာပါဆိုပြီး ဆိုင်ကယ်ကြီးနှင့်လာတဲ့ရမ်းကုအကြောင်းပါသလို ရွာကကွမ်းတောင်ကိုင် ဘုန်းကြီးလူထွက်နှင့် ရတဲ့အကြောင်းတွေလည်းကိုလည်းသီချင်းလုပ်ဆိုတတ်ကြပါတယ်။ ရွာလူကြီး အမြင်မတော်တာလုပ်ထားရင်းလည်း သီချင်းလေးနှင့်စောင်းမြောင်းပြောတတ်ကြပါတယ်။ တစ်ခုခုအမြင်မတော်တာဆိုလည်းပြောတတ်ကြတာပါပဲ။ အရင်ကတော့ ကောက်စိုက်ချိန်ထွန်တုံးပိတ်ပြီးနားတဲ့အချိန်လိုမျိုးပါ။ ခုတော့နွေစပါးမိုးစပါးနှင့် မနားရပါဘူး သို့ပေမဲ့လည်းသီတင်းကျွတ်ရင်တော့ရွာမှာပျော်စရာ ဒါပဲရှိတော့မပျောက်ပျက်သေးတဲ့ဓလေ့ပါ။ ကျန်တဲ့ရွာနီးချုပ်စပ်တွေကလည်း လာကြပါတယ်။ ကွင်းကျယ်ကျယ်မရှိတာရော။ လူကလည်း မနည်းစုနေရတာဆိုတော့ ကြည်ရွာမှာပဲ လပြီး ရှမ်းသီ က ကြ ခုန်ကြပါတယ်။ ရှမ်းတွေဆီကနေရလာတာလိုဆိုပါတယ်။ နောက်မှထပ်ပြောပြပါဦးမယ်
Subscribe to:
Posts (Atom)

