
သီတင်းကျွတ်ပန်းချီကားပါ။ သီတင်းကျွတ်နှင့်ပါတ်သက်လာရင်အရမ်းပြောချင်တဲ့ရွာက ဓလေ့တစ်ခုရှိပါတယ်။ ရှမ်းသီးခုန်တယ်တဲ့၊ သီချင်းတွေကို အတိုင်အဖေါက်နှင့်ဆို၊ ရွာမှာရှိတဲ့အပျို၊ အအို အမျိုးသမီးတွေ ရွာလည်ကကွင်းပြင်ကြီးမှာ ၀ိုင်းကြီးပါတ်ပါတ်က ကြတာပါပဲ။ လက်ခုပ်တွေတီးလို့ပေါ့။ ဖြစ်နိုင်ရင်တော့ဗွီဒီယိုဖိုင်တွေ၊ သီချင်းစာသားတွေ ပါတင်ချင်ပါတယ်။ ခုတော့အမြည်းသဘောပါ
( အပျို ဘာလုပ်ကျွေးမယ် ခေါ်ခဲ့တယ်လေး
ခမောက်ကြိုးနှင့် ကိုယ်ပျိုးနှုတ်မယ် ခေါ်ခဲ့တယ်လေး
ရွေကြည် (ရွာအမည်ပါ) ကြီးရဲ ရွာအ၀င် ကျွန်းညိုနှစ်ပင်
သည်နှစ်ပင်ရှင်အောင်မွေးပါ။ မယ်နှင့်မောင်အတူနေရရင် ကျောင်းတိုင် ဖို့လေး။ အများစုကတော့ အပျိုလူပျို ပြောကြတဲ့စကားတွေပါပဲ။ သံဇဉ်မပြောင်းလှပေမဲ့။ လူကြီးကလူငယ်ကိုဆုံးမတာ။ အပျိုအုပ်တွေက အပျိုကလေးတွေကို ဆုံးမတဲ့စာသားတွေ၊ လူပျိုကိုလှောင်တာတွေ။ တစ်ခြားရွာသားအကြိုက်မမှားဖို့တွေကို ရွာမှာဖြစ်နေပျက်နေတာတွေနှင့် အပျိုအုပ်တွေ ကရေးကြပါတယ်။ ဇာတ်တိုက်တယ်ရယ်သီးခြားမရှိပါဘူး။ ကောက်စိုက်ချိန်မှာ ရေးပြီး ဝေခဲ့ယုံပါပဲ။ ဒီအကြောင်းတွေက ရွာမှာအများပြောနေတဲ့အကြောင်းလည်းဖြစ်နေတော့ ရှေ့ကနေတိုင်ပေးလိုက်တာနှင့်နောက်ကဘာဆိုရမယ်ဆိုတာ သိကြပြီးသားပါပဲ။ သီချင်းအပြည့်အစုံနှင့်ခု ဆိုနေကနေတာတွေတော့ရွာကိုလှမ်းမေးပြီးမှပဲပြောပြလို့ရမှာပါ။ ရွာကို ဆေးဆရာပါဆိုပြီး ဆိုင်ကယ်ကြီးနှင့်လာတဲ့ရမ်းကုအကြောင်းပါသလို ရွာကကွမ်းတောင်ကိုင် ဘုန်းကြီးလူထွက်နှင့် ရတဲ့အကြောင်းတွေလည်းကိုလည်းသီချင်းလုပ်ဆိုတတ်ကြပါတယ်။ ရွာလူကြီး အမြင်မတော်တာလုပ်ထားရင်းလည်း သီချင်းလေးနှင့်စောင်းမြောင်းပြောတတ်ကြပါတယ်။ တစ်ခုခုအမြင်မတော်တာဆိုလည်းပြောတတ်ကြတာပါပဲ။ အရင်ကတော့ ကောက်စိုက်ချိန်ထွန်တုံးပိတ်ပြီးနားတဲ့အချိန်လိုမျိုးပါ။ ခုတော့နွေစပါးမိုးစပါးနှင့် မနားရပါဘူး သို့ပေမဲ့လည်းသီတင်းကျွတ်ရင်တော့ရွာမှာပျော်စရာ ဒါပဲရှိတော့မပျောက်ပျက်သေးတဲ့ဓလေ့ပါ။ ကျန်တဲ့ရွာနီးချုပ်စပ်တွေကလည်း လာကြပါတယ်။ ကွင်းကျယ်ကျယ်မရှိတာရော။ လူကလည်း မနည်းစုနေရတာဆိုတော့ ကြည်ရွာမှာပဲ လပြီး ရှမ်းသီ က ကြ ခုန်ကြပါတယ်။ ရှမ်းတွေဆီကနေရလာတာလိုဆိုပါတယ်။ နောက်မှထပ်ပြောပြပါဦးမယ်


No comments:
Post a Comment