မနေ့က အောင်စရင်းတွေထွက်တယ်။
ပိုစ် အသစ်ကလည်းမတင်ဖြစ်တော့ဘူး။ ရေးချင်တာတွေမရေးနိုင်လို့ထင်ပါရဲ့။ ဗိုက်ပဲပိုဖေါင်းလာတယ်။
အောင်စာရင်ထွက်တော့သတိမထားမိသေးဘူး အောင်စာရင်းအကြောင်းဘလော့တွေမှာဖါတ်ရမှပဲ အောင်စာရင်အကြောင်းရေးဖို့ပေါ်လာတယ်။ မှတ်မိသမျှအောင်စာရင်းကိုသေချာမကြည့်ခဲ့ရဘူးဘူး။ သူများတွေပြောတဲ့စကားနှင့်ပြောရရင် ၁၉ တန်းလောက်အောင်တာတောင် အောင်စာရင်း ကိုယ်တိုင်ကြည့်ခဲ့ရတာက ၃ တန်းလောက်ပဲရှိမယ်ထင်တယ်။ အဲဒီ ၃ တန်းမှာလည်းမှတ်မှတ်ရရ အောင်စာရင်းကိုအတန်းပိုင်ဆရာမက လာခေါ် ကူကပ်ခိုင်း အောင်စာရင်းတွေကပ်ထားတဲ့သင်ပုန်းကိုကိုယ်တိုင်မရွေ့ပေးခဲ့ရတဲ့ ၉ တန်းနှစ်တစ်နှစ်ရှိခဲ့သေးတယ်။ သူများတွေအတွက်အောင်စာရင်းထွက်မှပဲကြည့်ဘူးတော့တယ်။ နောက်တကြိမ်အချိန်ရရင်တော့ အောင်စာရင်ထွက်တာနှင့်တိုက်ခိုင်ခဲ့ရင်အများကြီးရေးချင်ပါသေးတယ်။ ခုတော့ ကိုယ်အောင်စရင်းကို ၁၉ တန်းလောက်မှာ ၃ တန်းလောက်ပဲကြည့်ဘူးတယ်ဆိုတာကိုပဲ ပြောဖြစ်တော့တယ်။ ဖါတ်တဲ့သူတွေလည်းအောင်စာရင်းနှင့်ပါတ်သက်ပြီးရေးခဲ့ကြပါဦး
Sunday, June 7, 2009
Subscribe to:
Post Comments (Atom)


1 comment:
မမေလဲ အောင်စာရင်းကို ၁၀ တန်းရောက်မှ ကိုယ်တိုင်ကြည့်ဖူးတာ ထင်တာပဲ။ ငယ်ငယ်ကဟာတွေ မေ့သွားပြီ။ အသက်ကြီးပြီဆိုတော့လဲ ... ဟဲဟဲ။
မမေ တူမလေးက ဒီနှစ် ဆယ်တန်းဖြေတာ ဂုဏ်ထူး ၄ ခုပါတယ်တဲ့။ ဟီး ကြုံတုန်း ကြွားသွားသည်။
Post a Comment