
ပြည်သူများအပေါ် ဂရုဏာတရား ကင်းစွာဖြင့် ဆင်းရဲကြပါစေ၊ ကျပ်တည်းကြပါစေ၊ မွဲတေကြပါစေ၊ ငတ်မွတ်ခေါင်းပါးကြပါစေ၊ မကျေနပ်မှုတွေတိုးပွားပါစေ၊ ဆူပူအုံကြွ ပေါက်ကွဲမှုတွေဖြင့် ဒေါသတွေဖြစ်ကြပြီး အချင်းချင်းသတ်ဖြတ်သေကျေကြပါစေ၊ မအေးချမ်းမလုံခြုံပဲအထိတ်တလန့်နှင့် ကျီးလန့်စာစားဒုက္ခရောက်ကြပါစေဟု ပိတ်ဆို့၊ တားဆီးပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ဆောင်နေသမျှသည် ထိုသို့သောပုဂ္ဂိုလ်အတွက် ကရုဏာတရားနှင့်ဝေးကွာနေမည်သာဖြစ်ပေသည်။ ထိုသို့ဂရုဏာတရားနှင့်ဝေးသည်နှင့်အမျှ သူ၏အတ္တမာနကြောင့် မေတ္တာတရားနှင့်လည်း ဝေးသည်ထက်ဝေးကွာတတ်ချေသည်။ ထိုအခါမေတ္တာမပါသော ထိုပုဂ္ဂိုလ်၏လမ်းကြောင်းသည် ပညာပါရမီနှင့်လမ်းခွဲထွက်သွားခဲ့ပြီး ပညာနှင့်ဝေးကွာရချေတော့သည်။
မမှန်ကန်သော၊ မတရားသော၊ အကျိုးယုတ်စေခဲ့သောပိတ်ပင်တာဆီး၊ ပြည်သူအကျိုးဖျက်ဆီးမှုများကို မလုပ်ပါနှင့်တော့ဟု ကျွန်ုပ်တို့ပြည်သူများကအတိအလင်းတောင်းဆိုအပ်ပါသည်။ ပြည်သူလူထုအများစုကြီး၏ဆန္ဒကိုဆန့်ကျင်နေခြင်းအားဖြင့် ကိုယ့်အတွက်ဘာမျှဖြစ်မလာနိုင်ကြောင်းသိသင့်ပါသည်။ အများအကျိုးကိုဖျက်ဆီးခဲ့ခြင်းကား မိမိကိုယ်ကိုဖျက်ဆီးခြင်းနှင့်ပမာတူလေသည်။ ပညာမဲ့၏။
ဆရာ ချစ်နိုင်(စိတ်ပညာ) ရဲ့ဆောင်းပါးထဲက ကောက်နှုတ်ချက်ပါ။ ကိုယ်တိုင်ပြောချင်ပေမဲ့သူ့လောက်မပြောတတ်ဘူးလေ။ သူပြောထားတာ ကိုယ်ပြောချင်တာကုန်ပြီလားဆိုရင်တော့မဟုတ်သေးပါဘူး။


No comments:
Post a Comment